သူဟာ နှလုံးသားနဲ့ ကစားသူတစ်ယောက်လား

ပို့စ်တင်ချိန် - 3/06/2014 12:30:00 PM



အထူးသဖြင့် မိန်းကလေးတွေပေါ့။ ကျွန်မတို့အားလုံး အဲ့ဒီအခြေအနေ တစ်ခုထဲ ကျရောက်ခဲ့ကြဖူးပါတယ်။ ကိုယ်တွဲခဲ့တဲ့ ကိုယ့်ချစ်သူဟာ player တစ်ယောက်ဖြစ်မှန်း မသိခဲ့ဘဲ ရာနှုန်းပြည့် ယုံကြည်ခဲ့ဖူးတဲ့ အခြေအနေတစ်ခုပေါ့။ အခုတော့ ကျွန်မလည်း အချစ်ကိုနည်းနည်းတော့ အကဲခတ်မိတတ်နေ ခဲ့ပြီလေ။ အရင်လို မျက်စိစုံမှိတ်ယုံဖို့ဆိုတာ “တစ်ခါသေဖူး ပျဉ်ဖိုးနားလည်” ဆိုသလိုပဲ မဖြစ်နိုင်တော့ဘူး။

ပြီးတော့ အဲဒီလို ကိုလူလိမ် ၊ ကိုလူပွေတွေရဲ့ အမူအကျင့်အတော်များများကိုတောင် အကဲခတ်ပြီး ဆုံးဖြတ်တတ်နေခဲ့ပါပြီ။ ကျွန်မ အပေါင်းအသင်းတွေကိုလည်း နည်းနည်းလောက် မျှဝေပေးသင့်တယ်ထင်လို့ player တွေရဲ့ အမူအကျင့်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သူဟာ သင်နဲ့ တစ်နေကုန် အဆက်အသွယ်ပြတ်နေတတ်ပြီး ည (၁၁)နာရီနောက်ပိုင်းလောက်မှ သင့်ဆီ စာတိုလေး တစ်စောင်လောက် ပို့ပါလိမ့်မယ်။ ဒါကလည်း သင့်ကို တစ်စုံတစ်ခုတောင်းဆိုချင်လို့ ဖြစ်နိုင်ပါတယ်။

(၂) သူဟာ သင့်ရဲ့ဘ၀နဲ့ပတ်သက်ပြီး ဖြစ်ကြောင်းကုန်စင် ပြောပြနေတတ်တဲ့အခါမျိုးမှာ တကယ်နားထောင်နေတဲ့ပုံ မပေါက်ပါဘူး။

(၃) သူဟာ သင့်မှာ တကယ်ဆိုးရွားတဲ့ နေ့တစ်နေ့ ရရှိခဲ့ရင်လည်း ဂရုမစိုက်ပါဘူး။

(၄) သူဟာ သင်နဲ့ဆို တော်ရုံတန်ရုံ အပြင်ထွက်လည်ဖို့ ဆန္ဒမရှိတတ်ပါဘူး။ တခြား ဘာညာ ၊ ဘာညာ ကိစ္စမျိုး ရှိရင်တော့ သွားချင်သွားတတ်ပါလိမ့်မယ်။

(၅) သူဟာ အချိန်မှန် နေရာမှန်မှာ မှန်ကန်တဲ့စကားကို ကွက်တိဆိုတတ်ပါတယ်။ လူရည်လည်တဲ့ သဘောပေါ့။

(၆) သူ့သူငယ်ချင်းတွေနဲ့ သင့်ကို ပေးမတွေ့ဖူးပါဘူး။

(၇) သူဟာ သင့်ရဲ့ အသိုင်းအ၀ိုင်း ၊ ပတ်ဝန်းကျင်နဲ့ တွေ့ဖို့ကိုလည်း စိတ်မ၀င်စားပါဘူး။

(၈) သူဟာ သူ့ရဲ့ တစ်နေ့တာ အစီအစဉ်တွေထဲက ၅၀ ရာခိုင်နှုန်းလောက်သာ သင့်ကို အသိပေးတတ်ပါတယ်။

(၉) သူဟာ ညစာတွေ ၊ ရုပ်ရှင်ကြည့်ဖို့ အတွက်တွေဆိုရင်တော့ အကြောင်းတစ်ခုခုပြပြီး သင့်ကို အမြဲတမ်း ငြင်းဆန်နေမှာ ဖြစ်ပေမယ့် ချစ်တင်းနှောဖို့ခေါ်တာဆိုရင်တော့ အပြေးတပိုင်းပဲ ရောက်လာတတ်ပါ လိမ့်မယ်။

(၁၀) သူဟာ သင့်ရဲ့ဖုန်းနံပါတ်ကိုတောင် အလွတ်ရချင်မှ ရပါလိမ့်မယ်။ ဘာလို့လဲဆို သူ့ကို ဖုန်းခေါ်တာ၊ မက်ဆေ့ပို့တာတွေက သင့်ဘက်ကချည်း စလုပ်နေရလို့လေ။

(၁၁) သူဟာ တခြားကောင်မလေး အတော်များများနဲ့ယှဉ်ပြီး သင့်အတွက် အချိန်တွေ ခွဲပေးထားရလို့ တချို့ကိစ္စတွေမှာ ရောထွေးနေပါလိမ့်မယ်။ (ဥပမာ- သင်က လိမ္မော်ရောင်ကို အမုန်းဆုံးဆိုပါတော့ ဒါကို အမှတ်မှားပြီး သင့်အကြိုက်ဆုံးအရောင်အဖြစ် ပြောချင်ပြောနေတတ်ပါတယ်။)

(၁၂) သူဟာ သင်နဲ့အတူနေချိန်မျိုးမှာ ဖုန်းကို ကိုယ်နဲ့မကွာဆောင်ထားပါလိမ့်မယ်။ ရေချိုးခန်းထဲ ၀င်နေရင် တောင်ပေါ့။

(၁၃) သူ့အိမ်ကို သင့်ကိုအလည်ခေါ်ဖို့ အကြောင်းအမျိုးမျိုးပြ ငြင်းဆန်နေတတ်ပြီး သင့်အိမ်ကိုသာ လာပါလိမ့်မယ်။

(၁၄) သူ့ဖုန်းထဲက ဖုန်းနံပါတ်တွေမှာ နံမည်ကို အတိုကောက်သာ မှတ်ထားပါလိမ့်မယ်။

(၁၅) သင့်နာမည်ကို သိပ်မခေါ်ဘဲ နာမ်စားတွေကိုသာ အသုံးပြုလေ့ရှိပါလိမ့်မယ်။ (ဥပမာ – ဟန်နီ ၊ ဘေဘီ၊ ဆွီတီ)စတာမျိုးပေါ့။ ဒါမှသာ သူ့အနေနဲ့ တော်ရုံမမှားမှာလေ။

(၁၆) သူနဲ့ ပြောသမျှ စကားတိုင်းဟာ အတည်အတံ့ပြောလို့မရဘဲ sex ကိစ္စကိုသာ ဦးစားပေး ပြောနေပါလိမ့်မယ်။

ဒီအချက်တွေထဲက အတော်များများ ကိုက်ညီတဲ့သူတစ်ယောက် သင့်ဆီမှာ ရှိနေပြီဆိုရင်တော့ ယတိပြတ် စိတ်ပိုင်းဖြတ်လို့ သူ့ရဲ့လှည့်စားနေမှုထဲကနေ ရအောင်ရုန်းထွက်လိုက်ပါ။ ဘာကြောင့်လဲဆို ဒီလူဟာ ကျိန်းသေကို player (အသည်းခွဲတမ်းကစားသူ၊ လူရှုပ် ၊ လူပွေ) တစ်ယောက် ဖြစ်နေလို့ပါပဲ။

Ref:learni.st

Trend Myanmar