ဘင်းမ်စတက်၏ ရလဒ်ကောင်းများ

ပို့စ်တင်ချိန် - 3/06/2014 11:10:00 AM


ဘင်္ဂလားပင်လယ်အော်ဒေသရှိ နိုင်ငံပေါင်း ခုနစ်နိုင်ငံပါဝင်သည့် တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီး အစည်း အဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာကျင်းပပြီးလေပြီ။ ဤထိပ်သီး အစည်း အဝေးတွင် အိန္ဒိယ၊ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဘူတန်နှင့် နီပေါနိုင်ငံတို့မှ နိုင်ငံ့ခေါင်း ဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အဓိက အားဖြင့် သဘောတူညီချက် သုံးရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

ဤသုံးရပ်သည်ကား ဘင်းမ်စတက်အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ တည်ထောင်နိုင်ရေး၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ ယဉ်းကျေးမှုလုပ်ငန်းများ ကော်မရှင် နှင့်ယဉ်ကျေးမှု လုပ်ငန်းများ လေ့လာရေးဌာနကို ဘူတန်နိုင်ငံ သင်းဘူးမြို့၌ တည်ထောင်နိုင်ရေး၊ မိုးလေ ၀သနှင့် ရာသီဥတု ဗဟိုဌာနကို အိန္ဒိယနိုင်ငံ နွိုင်အိဒါမြို့၌ တည်ထောင်နိုင်ရေးတို့ပင်ဖြစ်ပါသည်။

ဘင်းမ်စတက်အဖွဲ့ကြီး ထူထောင်ခဲ့သည်မှာ သက်တမ်းအားဖြင့် ၁၆ နှစ်ရှိပြီဖြစ်ရာ အမြဲတမ်း အတွင်းရေးမှူး ချုပ်ရုံး သည်မရှိမဖြစ် လိုအပ်နေပါသည်။ ဤအတွင်းရေးမှူးချုပ်ရုံးကို ထူထောင်ဖွင့် လှစ်လိုက်ခြင်းဖြင့် ဘင်းမ် စတက် အဖွဲ့ဝင်နိုင်ငံများ အကြား ပူးပေါင်းဆောင် ရွက်မှု ဆိုင်ရာကိစ္စရပ်များကို မြန်ဆန်သွက်လက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။ဘင်းမ်စတက်ဒေသ တွင်း ပြည်သူ အားလုံး၏ ရည်မှန်း ချက်များဖြစ်သည့် ချမ်းသာကြွယ်ဝရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက်များစွာ အထောက် အကူပြုနိုင်တော့ မည် ဖြစ်ပါသည်။

အလားတူ ယဉ်ကျေးမှုလုပ်ငန်းများကော်မရှင်နှင့် ယဉ်ကျေးမှု လုပ်ငန်းများ လေ့လာရေးဌာနကို ထူထောင်ခြင်း ဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်ပြီး သတင်း အချက် အလက်များ ဝေမျှပေး နိုင်တော့မည်ဖြစ်ပါသည်။ ဘင်းမ်စတက်ဒေသ တွင်းပြည်သူများ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း စဉ်လာ များကို ပိုမိုလေ့လာနိုင်ကြမည်ဖြစ်ပါသည်။

တစ်ဖန် မိုးလေ၀သနှင့်ရာသီဥတုဗဟိုဌာနကို ထူထောင်ဖွင့်လှစ်ခြင်းဖြင့် ဤဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သော မုန်းတိုင်းများ၊ ဆူနာမီရေလှိုင်းများ၊ မိုးလေဝသ သတိပေးချက်များ အပါအဝင် ရာသီဥတုနှင့် ဆက်စပ်သော လုပ်ငန်းများကို ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြမည် ဖြစ်ပါသည်။ အထူး သဖြင့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုကို ထိထိရောက်ရောက် ဆောင် ရွက်နိုင်ခြင်းဖြင့် တောင်သူ လယ်သမားများ၊ ကမ်းရိုး တန်းနေ ပြည်သူများ၊ ရေလုပ်ငန်းလုပ်ကိုင်သူများ၏အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် ဤ ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပ နိုင်ခြင်းဖြင့် အခြားသော ကဏ္ဍများဖြစ် သည့်ကုန် သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ တိုးတက်ရေး အစရှိသော ကဏ္ဍများတွင်လည်း ပိုမိုပူးပေါင်းဆောင် ရွက်နိုင်ကာ အကျိုးကျေးဇူးများ အပြန် အလှန် ဖြစ်ထွန်းရရှိလေ့လာတော့ မည်ဖြစ်ပါသည်။ အထူးသဖြင့် အိမ်ရှင် မြန်မာ နိုင်ငံ အနေဖြင့် တောင် အာရှနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံ များအကြား ထိတွေ့ဆက်ဆံမှု အားကောင်း လာစေရန် ဖြည့်ဆည်းကူညီပေးရင်း အကျိုးရှိသော ရလဒ်ကောင်းများ ရယူသွားနိုင်လိမ့်မည်ဟု ယုံကြည် မိပါကြောင်း။ ။

MOI Webportal Myanmar