Page Like မတက်ရတဲ့ အကြောင်းရင်များ

ပို့စ်တင်ချိန် - 3/06/2014 03:58:00 PM



Page ဖွင့်ထားတဲ့ လူတိုင်းသိထား သင့်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့ Page Like တွေဟာ ထင်သလောက် တက်မလာသလဲ ဆိုတဲ့ အကြောင်းရင်းတွေကို ရေးသားပေး လိုက်ရပါတယ်။

(၁) ဆွဲဆောင်မှု မရှိတဲ့ နာမည်ပေးထားခြင်း

အရေးကြီးပါတယ်။ Page တစ်ခုဖွင့်တော့မယ်ဆိုရင် သေချာစဉ်းစားပါ။ Like များသွားရင် ပြန်ပြောင်းလို့ မရတော့ပါဘူး။ နာမည်ကောင်းကောင်းလေး ပေးတတ်ဖို့လိုပါတယ်။ တိုတိုနဲ့ လိုရင်းကို ရောက်ရမယ်။ အဓိပ္ပါယ်လည်း ရှိရမယ်။ နာမည်ရှည်ရင် မကောင်းပါဘူး။ ဒါကြောင့် နာမည်ပေးရာတွင် လိုရင်တိုရှင်းကိုသာ ပေးစေလိုပါတယ်။

(၂) Profile Picture ကို ဆွဲဆောင်မှု ရှိပါစေ

မိမိ Page မှာ ဘာသတင်း တစ်ပုဒ်မှ တင်မထားခဲ့ဘူး ဆိုရင်တောင် ဆွဲဆောင်မှု ရှိတဲ့ Profile Picture ကြောင့် Like တွေလာနိုင်ပါတယ်။ ဒါကြောင့် Profile Picture ကို ဆွဲဆောင်မှု ရှိတာကို တင်ပါ။

(၃) ဆွဲဆောင်မှု မရှိတဲ့ သတင်းများကိုတင်ခြင်း

သတင်းတင်တဲ့ အခါမှာ ဆွဲဆောင်မှု ရှိဖို့လိုအပ် ပါတယ်။ ဆွဲဆောင်မှု ရှိတာတွေတင်တဲ့ အတွက် Like ၊ share ၊ comment တွေတက်လာပြီး page like လည်းတက်လာမှာ ဖြစ်ပါတယ်။

(၄) နေ့တိုင်း ပို့စ်မတင်နိုင်ခြင်း

နေ့တိုင်း ပို့စ် တင်ပေးဖို့ လိုအပ်ပါတယ်။ ဒီနေ့တင်ပြီး နောက်နေ့နားနေလို့ မဖြစ်ပါဘူး။ နေ့တိုင်းပုံမှတ် တင်ပေးဖို့ လိုအပ်ပါတယ်။

ဖော်ပြပါ အချက်တွေအပြင် အခြားသော အချက်များလည်း ကျန်ရှိပါသေးတယ်။ သို့သော် အဓိက ကြမယ်လို့ ယူတဲ့ အချက်တွေကိုသာ ဖော်ပြပေး လိုက်ရပါတယ်။

http://goo.gl/qMHyVo
ကျော်လင်းနိုင် (Smart Pro Journal)