လက်သမားတစ်ဦး အိမ်ပိ၍ သေဆုံး

ပို့စ်တင်ချိန် - 3/06/2014 03:57:00 PM



ဇေဝေယံ
ရန်ကုန်၊ မတ် ၆
လက်သမားတစ်ဦး သစ်သားတစ်ထပ်အိမ်ပိသေဆုံးမှု တစ်မှု ရန်ကုန်တိုင်းဒေသကြီးကျောက်တန်းမြို့ နယ် မင်းဂလွန်းကျေးရွာ တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတိုင်းရုံးမှသိရသည်။

ယခုနှစ် မတ်လ ၅ ရက်နေ့  ည ၉ နာရီ ၅၀ အချိန်တွင် ကျောက်တန်းမြို့ နယ် ဒုရဲမှုး အောင်ထွန်းစိုး တာဝန်ထမ်းဆောင်နေစဉ် လက်သမားတစ်ဦး အိမ်ပိသေဆုံးaကြာင်းသတင်းရရှိသဖြင့် သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာသေဆုံးသူမှာ ဦးကြည်လွင် (၅၄)နှစ် ဖြစ်ပြီး ၄င်းသည်အနောက်ပိုင်းရှိ ဦးအောင်နိုင်သူဧ။်နေအိမ်ကိုပြုပြင်ရန် အိမ်အောက်သို့ ဝင်၍အရှည် (၂)ပေခန့်  လုံးပတ် (၁)ပေခွဲ ခန့် သစ်သားဒေါက်တိုင် အားထောက်၍ရေချိန်တိုင်းနေစဉ် ထောက်ထားသည့်သစ်သားဒေါက်တိုင် လဲကြပြီး အိမ်ပိမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်ပိမိမှုကြောင့် ဦးကြည်လွင် တွင် မျက်နှာယာဘက်ခြမ်းဖူးရောင်ညိုမဲ ဒဏ်ရာ၊ယာလက်မောင်းစုတ်ပြဲဒဏ်ရာ၊နှာခေါင်းသွေးထွက်ဒဏ်ရာ၊၀ဲဘက်ရင်အုံဖူးရောင်ဒဏ်ရာများရရှိပြီး အခင်းဖြစ်ရာနေရာ တွင်ပင်သေဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်အားဓမတ္တာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ရန် ဒုရဲအုပ် အောင်ထွန်းစိုးမှတရားလိုပြုလုပ်၍တိုင်းတန်းချက်အရ ကျောက်တန်းမြို့ နယ် ကမာကလုပ် နမစ သေမှုသေခင်း အမှတ်စဉ် ၃/၁၄ ဖြင့် ယနေ့ အမှုဖွင့် ပြီးတရားလိုအမှုစစ်မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Popular Myanmar News