ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ၁ ဦးသေ

ပို့စ်တင်ချိန် - 3/06/2014 09:33:00 AM


နေပြည်တော်၊ မတ် ၅
၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၃၁/၁-၂)ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘုရားတောင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှ နေပြည်တော်သို့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာနေ မောင်စိုး(၃၈)နှစ်မောင်းနှင်ပြီး မစန်းဝင်းစိန်(၁၈)နှစ်လိုက်ပါလာသည့် ၂၉ယ/xxxxကန်ဘို-၁၁၀ အစိမ်းပုပ်ရောင်ဆိုင်ကယ်သည် မိုင်တိုင် အမှတ်(၂၃၁/၁-၂)ကြားရှိလမ်းဖြတ်မှ တစ်ဖက်လမ်းသို့ဖြတ်ကူးစဉ် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်နေ ကိုကို(၃၄)နှစ်မောင်းနှင်လာသော ၁ဂ/xxxx အာဖတ်အဖြူရောင်ယာဉ်နှင့်တိုက်မိခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် မောင်စိုးတွင် ၀ဲဒူးခေါင်း/မျက်ခုံးအထက်ပေါက်ပြဲ၊ ၀ဲမျက်လုံးအောက်/ ၀ဲနဖူးပွန်းပဲ့၊ ၀ဲခြေသလုံးကျိုး၊ ၀ဲနားရွက်သွေးထွက်၊ ၀ဲ/ယာပုခုံးပွန်းဒဏ်ရာနှင့် မစန်းဝင်းစိန်တွင် ၀ဲ/ယာတံတောင်ဆစ်/၀ဲတင်ပါး/ယာခြေထောက်ပွန်းပဲ့၊ လည်ပင်းရိုးနာကျင်၊ ရင်ဘတ်အောင့်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ မောင်စိုးအား ဘုရားတောင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထို့နောက် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေသော မောင်စိုးမှာ ရရှိသောဒဏ်ရာများဖြင့် မတ်လ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် သေဆုံးသွားခဲ့သောကြောင့် ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ မှ ၃၀၄-က/၃၃၈ သို့ ပြောင်းလဲ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်