ဖိလစ်ပိုင်တွင် အင်တာနက်ပြစ်မှု ဥပဒေအရ အမျိုးသမီး တစ်ဦးအား တရားစွဲဆို ဖိလစ်ပိုင်တွင် ပြဋ္ဌာန်းထားသော အငြင်းပွားဖွယ်ရာ အင်တာနက်ပြစ်မှု ဥပဒေအရ အမျိုးသမီး တစ်ဦးမှာ ပထမဆုံး တရားစွဲ ဆိုခံရသူ ဖြစ်လာကြောင်း သိရသည်။

ပို့စ်တင်ချိန် - 6/17/2014 07:39:00 PM



ကာလာမာတီနက်ဇ် အစ်ဂနာစီယိုဟု ခေါ်သည့် ထိုအမျိုးသမီးသည် ကွန်ပျူတာ ဒေတာများကို ခိုးယူပြီး ၎င်း၏ ဘဏ်စာရင်းထဲသို့ ဒေါ်လာငွေထောင်နှင့် ချီ၍ လွှဲပြောင်း ထည့်သွင်းခဲ့မှုဖြင့် အပြစ်ရှိကြောင်း တွေ့ခဲ့ရကာ ထောင်ဒဏ် ခြောက်နှစ်အထိ ချမှတ်ခံရဖွယ် ရှိနေသည်ဟု ဖိလစ်ပိုင် တရားရေးဌာနက ထုတ်ပြန်သည်။

၎င်းကို မနီလာမြို့ပြင်ရှိ လတ်စ်ပီနာမြို့တွင် အစိုးရ ရှေ့နေတစ်ဦ်းက တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး ဖီလစ်ပိုင် အင်တာနက်ပြစ်မှု တားဆီးရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုထား သည်။ ဖိလစ်ပိုင်၏ အငြင်းပွားဖွယ်ရာ ထိုဥပဒေတွင် အင်တာနက်မှ စာရင်းအင်း နှင့် ဘဏ်ကတ်များကို ခိုးယူမှု၊ ကလေးသူငယ် ညစ်ညမ်း ရုပ်ပုံများဖြင့် လွှင့်တင်မှု အပါအ၀င် ပြစ်မှုများကို သတ်မှတ် ဖော်ပြထားသည်။ သို့သော် ဝေဖန်သူများက ထိုဥပဒေမှာ အစိုးရနှင့် သဘောထား ကွဲလွဲသည့် အတိုက်အခံများကို လည်း ဥပဒေ အကြောင်းပြ၍ နှိပ်ကွပ်နိုင်သည့် အတွက် ဝေဖန်နေကြသည်။

ထိုဥပဒေကို ၂၀၁၂ တွင် ပြဋ္ဌာန်းခဲ့သော် လည်း အတိုက်အခံများ၏ ကန့်ကွက်မှုများ ပြင်းထန်ခဲ့ပြီး ကြန့်ကြာခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် အခြေခံဥပဒေ ဆိုင်ရာ တရားရုံးက ထိုဥပဒေမှာ အခြေခံဥပဒေနှင့် ညီညွတ်ကြောင်း ဆုံးဖြတ်ခဲ့ရာ အတည် ဖြစ်ခဲ့သည်။ သို့သော် တရားရုံးသည် အာဏာပိုင်များအား ၀က်ဘ်ဆိုက်များကို ပိတ်ပင်ခွင့်နှင့် အင်တာနက် အသုံးပြုနှုန်း များကို ထိန်းချုပ်ခွင့် တို့ကိုမူ ပယ်ဖျက်ခဲ့သည်။


The Messenger's International News
www.messengernewsjournal.com
messenger news journal