ယောင်္ကျားဖြစ်သူက မိမိအပေါ် အကြင်နာကင်းမဲ့လို့ မွေးကင်းစကလေးငယ်ကို ရောင်းချခဲ့တဲ့ ဇနီးသည်

ပို့စ်တင်ချိန် - 6/17/2014 04:15:00 PM




အေသင်အောင်

အိန်္ဒိယနိုင်ငံက အလွန်ဆင်းရဲတဲ့ ရွာကလေးမှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ ယောက်ျားဖြစ်သူရဲ့ အကြင်နာကင်းမဲ့မှုကို မခံမရပ်နိုင် ဖြစ်ပြီး မွေးကင်းစ ရင်သွေးငယ်ကို ပေါင် (၁၃၀) နဲ့ ရောင်းချခဲ့ တယ်လို့ သိရပါတယ်။

အသက် (၃၂)နှစ် အရွယ်ရှိ ဂွါရီရှာဟာ အနောက်ဘင်္ဂလားပြည်နယ် ဂျာပိုင်ဂူရီမြို့ အနီးမှာရှိတဲ့ မီးရထားလမ်းဘေးကပ်လျက် ရွာမှာ နေထိုင် ပြီး ကိုယ်ဝန်ဆောင်စဉ် (၈)လ အကြာမှာ ယောက်ျားဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ်။ ဂွါရီရှာဟာ အလွန်ဆင်းရဲပြီး အသက် (၃)နှစ်ကနေ (၈)နှစ် အကြားရှိ သမီး (၃)ဦး ကိုလည်း ပိုင်ဆိုင် ထားပါတယ်။ ကလေးငယ်ကို မေလ (၂၅) ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးမရှိဖြစ်နေတဲ့ လင်မယား နှစ်ဦးထံ ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ ဂွါရီရှာဟာ အသက် (၇၀) နှစ် အရွယ်ရှိ မိခင်ဖြစ်သူရဲ့ တောင်းရမ်းမှုကြောင့် ရတဲ့ ၀င်ငွေနဲ့ ဘ၀ ကို ရပ်တည်နေ ရတာဖြစ်ပြီး ကလေးငယ်ကို မွေးဖွားဖို့ ဘယ်လိုမှ မတတ်နိုင်တာမို့ ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။

ဒီသတင်းကို အိမ်နီးနားချင်းတွေက သိရှိသွားပြီးတော့ တာဝန်ရှိသူတွေထံ တိုင်ကြားခဲ့ပါတယ်။ ဒီနောက် ကလေးငယ်ကို ပြန်လည် ကယ်တင် ခဲ့ပြီး ထိန်းသိမ်း စောင့်ရှောက်ရေးဂေဟာကို ပို့ဆောင် ထားရပါတယ်။ ဂွာရီရှာက ကလေးငယ်ကို ရောင်းချခဲ့ခြင်း အတွက် နောင်တမရ မိကြောင်း၊ အကောင်းဆုံး ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂွါရီရှာက ကျွန်မယောက်ျားဟာ ကိုယ်ဝန် (၈) လ အရောက်မှာ သမီး (၃) ဦးနဲ့ အတူ ထားရစ်ခဲ့ပါတယ်။ ကျွန်မတို့ဟာ မိခင်အိုကြီးရဲ့ ၀င်ငွေနဲ့ ရပ်တည်နေ ရတာပါ။ ကလေးကို ပြုစုဖို့ ဘယ်လိုမှ မတတ်နိုင်တာမို့ ရောင်းချ လိုက် ခြင်း ဖြစ်ပါတယ်။ ကျွန်မမှာ ရွေးစရာ မရှိပါဘူး။ ကျွန်မအထင် ကလေးငယ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့တာ ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ဂွါရီရှာ က အစိုးရ အနေနဲ့ အထောက်အပံ့ ပေးခဲ့ရင် ကလေးကို ဆက်မွေးဖွားသွားမယ်လို့ ဆိုခဲ့ပါတယ်။ ဒေသတွင်း တာဝန်ရှိသူတွေက ကလေးကို မွေးသွားဖို့ ရက်(၆၀) အချိန်ပေးထားပြီး မမွေးနိုင်ရင် အခြားသူတွေကို ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

The Messenger