ယာဉ်ထိန်းကိုရန်မလုပ်နဲ့ ကျင်စက်နဲ့တွေ့မယ်

ပို့စ်တင်ချိန် - 6/17/2014 08:31:00 PM


ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ယာဉ်ကြောရှင်းလင်းရေးအဖွဲ့(၉) ဖွဲ့များကိုတာဝန်ထမ်းဆောင်စဉ် အတွင်း အသုံးပြုနိုင်ရန် ရာဘာ တုတ်နှင့် ကျင်စက်များချထားပေး တော့မည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲဒုတိယ ရဲမှူးကြီး လင်းထွဋ်ကပြောကြား လိုက်သည်။

““တပ်ဖွဲ့ဝင်တိုင်းကို ရာဘာ တုတ်တွေပေးထားတယ်။ သို့ သော် အကြမ်းဖက်မှုတွေဖြစ် လာတဲ့အတွက် ကိုယ့်ကိုယ်ကိုခုခံ ကာကွယ်ဖို့လိုအပ် လို့ကျင်စက် တွေပေးသွားမှာဖြစ်ပါတယ်။ တာဝန်ချိန်မဟုတ်ဘဲ အသုံး ပြုရင်နောက်ဆက်တွဲဖြစ်တဲ့ ပြဿနာပေါ်မူတည်ပြီးအရေးယူ သွားမယ်””ဟု၎င်းကဆိုသည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းအင်အား (၈၀၀) ကျော်ရှိပြီး ယာဉ်ထိန်းတပ်ဖွဲ့ ၀င် တိုင်း ကျင်စက်များကိုင်ဆောင် နိုင်ရန် စီစဉ်နေပြီးအဆိုပါစက် များကို ထိုင်းနိုင်ငံမှဝယ်ယူသွား မည်ဖြစ် ကြောင်းသိရသည်။

ကျင်စက်များကို သင့်တင့် သည့်ဗို့အားကိုသာအသုံးပြုရမည် ဖြစ်ကာတာဝန်ချိန်အတွင်းသာကိုင် ဆောင်အသုံးပြုရမည်ဟုညွှန်ကြား ထားကြောင်းသိရသည်။

““ယာဉ်ထိန်းရဲက ဒါတွေလို လို့လား။ တာဝန်ချိန်ပြင်ပမှာအလွဲ သုံးစားမှုတွေလုပ်လာနိုင်တယ်။ ဒီ နိုင်ငံအနေအထားနဲ့ မလိုအပ်ဘူး ထင်ပါတယ်။ သုံးတတ်ရင်တော့ ကောင်းနိုင်ပါတယ်။ မသုံးတတ် ရင်အန္တရာယ်ဖြစ်နိုင်တယ်””ဟုမြို့ တွင်းပြေးဆွဲနေသည့် ဘတ်စ်ကား ယာဉ်ပိုင်ရှင်တစ်ဦးကပြောကြား လိုက်သည်။

““ရဲတပ်ဖွဲ့ဝင်ဆိုတာ လက်နက် ကိုင်ဆောင်ခွင့်ရှိတဲ့ အမျိုးအစား၊ ယာဉ်ထိန်းရဲဖြစ်တဲ့အတွက်ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းလုပ်နေ လို့သာ လက်နက်ကိုင်ဆောင်ခြင်း မပြုခဲ့ဘူး။ သို့သော်ပြည်သူဆိုတာ ကမျိုးစုံရှိတယ်။ ကာလာစုံပြည်သူ တွေနဲ့တွေ့ရတဲ့အခါ လိုအပ်ရင် လိုအပ်သလို ပြည်သူကိုကာကွယ် တာလည်းဖြစ်ချင်ဖြစ်မယ်။ ကိုယ့် ကိုယ်ကိုကာကွယ်ဖို့လည်းဖြစ်ချင် ဖြစ်မယ်””ဟုယာဉ်ထိန်းတပ်ဖွဲ့ရုံး မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ယခင်ကယာဉ်ထိန်းတပ်ဖွဲ့ နှင့် ပြည်သူကြားဆက်ဆံရေးတွင် ယဉ်ကျေးစေရန်လက်နက်ကိုင်ဆောင် အသုံးချခွင့်မပြုခဲ့သော်လည်း မိမိ ကိုယ်ကိုခုခံကာကွယ်နိုင်ရန်ကျင် စက်များကိုင်ဆောင်ခွင့်ပြုလိုက် ခြင်းဖြစ်သည်။

ကြယ်စင်လင်း(မြစ်မခ)
BY HOTNEWS