ကမ္ဘာ့ဖလားဖွင့်ပွဲက မြန်မာမှာလုပ်တဲ့ ဆီးဂိမ်းဖွင့်ပွဲလောက် မကြီးကျယ် မခမ်းနားဟု ဆို

ပို့စ်တင်ချိန် - 6/17/2014 01:06:00 PM



ဘရာဇီးနိုင်ငံက အိမ် ရှင်အဖြစ် လက်ခံကျင်းပသော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ သည် မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့ သော ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနား လောက် ရင်သပ်ရှုမောစရာဖြစ် အောင် မဆွဲဆောင်နိုင်ဟု ကိုယ် တိုင်သွားရောက် ကြည့်ရှုခဲ့သူ ပြေ တီဦးက ပြောသည်။

‘‘ဖွင့်ပွဲက အံ့သြတကြီးဖြစ် ပြီး အရမ်းထူးထူးဆန်းဆန်းကြီး တွေ ရင်သပ်ရှုမောဖြစ်ရလောက် အောင် မပါဘူး။ အကုန်လုံး ပြော နေကြသလိုပဲ၊ အစ်ကိုတို့နိုင်ငံမှာ လုပ်ခဲ့တဲ့ ဆီးဂိမ်းကိုတောင် မမီ ဘူးလို့တောင် ပြောလို့ရတာပေါ့။ ဖွင့်ပွဲက ဒီလောက်ကြီး မဟုတ်ပေ မယ့် ဖွင့်ပွဲပြီးတော့ ကန်တဲ့ ဘရာ ဇီးနဲ့ ခရိုအေးရှားပွဲကို ကြည့်ရတာ အရမ်းကြည့်လို့ ကောင်းတယ်။ ဒီပွဲတစ်ပွဲကြည့်ရတာ သွားတဲ့ခရီး က တန်တယ်လို့ ပြောလို့ရတယ်’’ ဟု ပြေတီဦးကပြောသည်။

ဘရာဇီးနှင့် ခရိုအေးရှား တစ်ပွဲသာ ကြည့်ရှုခဲ့ပြီး သူ၏ အ ကြိုက်ဆုံးအသင်းမှာ ဘရာဇီးဖြစ် သည်ဟု ဆိုသည်။ ကမ္ဘာ့ဖလား ပွဲကို ပထမဆုံး သွားရောက်ကြည့် ရှုခဲ့ခြင်းဖြစ်ကြောင်း ပြေတီဦးက ပြောသည်။ ပြေတီဦးသည် ဘရာ ဇီးသို့ ဇွန်လ ၆ ရက်က သူငယ် ချင်းများနှင့်အတူ သွားရောက်ခဲ့ ကာ ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့ ရှိ ကမ်းခြေမြို့တစ်ခုသို့ သွား ရောက်လည်ပတ်ခဲ့ပြီး ဇွန်လ ၁၅ ရက်က ပြန်ရောက်လာသည်။

ကမ္ဘာ့ဖလား ဖွင့်ပွဲတွင် ဂျနီ ဖာလိုပက်ဇ်ကဲ့သို့ ကမ္ဘာကျော် အဆိုတော်များ ပါဝင်ပြီး ဆီး ဂိမ်းဖွင့်ပွဲတွင် ထိုကဲ့သို့ ကမ္ဘာ ကျော်အဆိုတော်များ မပါဝင် သည့် အချက်တစ်ချက်သာ မြင်မိ ပြီး အားလုံးခြုံကြည့်လျှင် ဆီးဂိမ်း ကိုမမီကြောင်း ပြေတီဦးက ပြော သည်။

‘‘အစ်ကိုထင်တာက နေ့ လယ်ဘက်လုပ်တာကြော င့်လည်းပါမယ်ထင်တယ်။ နေ့လယ်ဘက် ဆိုတော့ အလင်းအမှောင်တွေ၊ ဘာတွေ ဘာမှ ကစားလို့မရတော့ ဘူးလေ။ အစစအရာရာ ဟာလာ ဟင်းလင်း မြင်နေရတာကြောင့် လည်း ပါမှာပေါ့။ ဆီးဂိမ်းက ည ဘက်လုပ်တာဆိုတော့ လိုက်တင် effect တွေ အများကြီး ကစားလို့ ရတာ။ ဒါမျိုးတွေကြောင့်လည်း ဆိုင်မယ် ထင်ပါတယ်’’ ဟု ပြေ တီဦးက ပြောသည်။

ပြေတီဦးသည် ဖွင့်ပွဲလက် မှတ်ကို ကြိုတင်ဝယ်ယူခဲ့သည့်အ တွက် သတ်မှတ်ထားသော ဖွင့်ပွဲ လက်မှတ်ဈေးနှုန်း ၄၉၅ ဒေါ်လာ ဖြင့် ရရှိခဲ့ပြီး လွန်ခဲ့သော လေးလ ကျော်ကတည်းက လက်မှတ်များ ကုန်သွားသောကြောင့် မှောင်ခို ဈေးကွက်၌ လက်မှတ်များသည် ဒေါ်လာ ၂၀၀၀ ခန့်ထိ ဈေးပေါက် သွားကြောင်း ပြေတီဦးက ပြော သည်။
7Day Daily