ဖိုးပါကြီးနှင့် မာစီဒီး

ပို့စ်တင်ချိန် - 6/17/2014 07:27:00 PM


မြန်မာလူမျိုးထဲမှ မော်တော်ကားကို ပထမဆုံးစီးခဲ့သူမှာ တြိရတန ဦးသိန်းမောင် ဖြစ်တယ်လို့သိရပါတယ်။ မြန်မာ့ရုပ်ရှင်သရုပ်ဆောင် များအနက်ကိုယ်ပိုင်ကားပထမ ဆုံးဝယ်စီးနိုင်ခဲ့သူမှာ မင်းသားမောင်ဘတင့်ဖြစ်တယ်လို့လည်း မှတ်တမ်းများအရသိရပြန်တယ်။ ပြိုင်ကားကို ပထမဆုံးစီးခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်ကတော့ အကယ်ဒမီ ဝင်ဦးဖြစ်ပါတယ်။

မာစီဒီးကားဆိုတာ
ကမ္ဘာပေါ်မှာ လူကြိုက်များပြီး အကျော်ကြားဆုံး ကားအမှတ်တံဆိပ်မှာမာစီးဒီးဘင့်ဇ် (Mercedes-Benz) ဖြစ်ပါတယ်။ ဂျာမနီနည်းပညာနဲ့ ၁၉၂၆ ခုနှစ် ဇွန်လ၂၈ ရက်နေ့က စတင်ထုတ်လုပ်ခဲ့တာပါ။ ရုံးချုပ်ကတော့ ဂျာမနီနိုင်ငံ Stuttgart မြို့မှာရှိပါတယ်။ သူ့ရဲ့ကြွေးကြော်သံကတော့ ” အကောင်းဆုံးလား၊အချာဆုံးလား”  (The Best or Nothing) ဖြစ်ပါတယ်။ သက်တမ်း ၉ဝနီးပါးရှိပြီဖြစ်တဲ့ မာစီဒီးကားဟာ ကားလောကမှာတော့ German Big 3 စာရင်းဝင်ပြီး Audi နဲ့ BMWတို့နဲ့အတူ ရပ်တည်နေ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွက်ပထမဆုံးမာစီဒီးအရောင်း ပြခန်းကိုတော့ ၂ဝ၁၄ ခုနှစ် မေလ ၁၅ရက်နေ့မှာ ရန်ကုန် မြို့ ပြည်လမ်းရှိအမှတ် ၅၁ မှာဖွင့်လှစ်ခဲ့ပြီး လည်း ဖြစ်ပါတယ်။

ဖိုးပါကြီးဆိုတာ
မြန်မာ့ရုပ်ရှင်လောကမှာ တန်ဖိုးကြီးတဲ့ မာစီဒီးကားကို ပထမဆုံးဝယ်စီးနိုင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဟာသသရုပ်ဆောင် ဖိုးပါကြီးကို သတ်မှတ် ခဲ့ကြပါတယ်။ ဟ င်္သာတဇာတိဖြစ်တဲ့ ဟာသသရုပ်ဆောင် ဖိုးပါကြီးဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကြိုက် နှစ်သက်တဲ့ အနုပညာရှင်တစ်ဦး လည်းဖြစ်ပါတယ်။ ဂျပန်ေ ခတ် (၁၉၄၃-၁၉၄၅)ပြဇာတ်လောက မှ စစ်ပြီးခေတ် ရုပ်ရှင်လောကကို ကူးပြောင်းရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။ လက်ဦးဆရာကတော့ ဒါရိုက်တာ ဆရာခန့် ပဲဖြစ် ပါတယ်။
သူပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားများဟာ ကြည့်ရသူ အပေါင်းအူတက်မတတ် ရယ်ခဲ့ရသလို၊ ” ဖိုးပြုံးချို”  ဇာတ်ကားဖြင့်လည်း မျက်ရည်လည်ရွှဲဖြစ် စေခဲ့သူပါ။ အဲဒီ ” ဖိုးပြုံးချို” ဇာတ်ကားဖြင့်လည်း ၁၉၅၅ ခုနှစ်မှာ အကောင်းဆုံး မင်းသားဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ ၁၉၇၈ခုနှစ်မှာ ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးခဲ့တဲ့ ” တစ်ခါကတစ်ဘဝ” ဇာတ်ကားဖြင့်လည်း အကယ်ဒမီဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့သူပါ။ သူ့ခေတ်သူ့အခါက လျှမ်းလျှမ်းတောက် အောင်မြင်ပြီး ကမ္ဘာကျော်တန်ဖိုးကြီး မာစီဒီးကားကြီးကို ပိုင် ဆိုင် ခွင့်ရခဲ့သူ ထပ်ဆင့်အကယ်ဒမီ ဖိုးပါကြီးရဲ့ပျော်ရွှင်ကြည်နူးဖွယ်ဘဝလေးကို တွေ့မြင်ယောင်ရင်း ဝမ်းသာပီတိဖြစ်ရပါတော့တယ်။
 နွေနိဒါန်း

popular myanmar