ရာပြည့်ပွဲမှာ ပေါ်တူဂီမှတ်တမ်းကို အမှောင်လွှမ်းစေခဲ့တဲ့ ဂျာမနီ

ပို့စ်တင်ချိန် - 6/17/2014 09:28:00 AM


ဂျာမနီ ၄-၀ ပေါ်တူဂီ

ဒီပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တချို့ ဝေဖန်ချင်စရာ ကောင်းခဲ့ပြီး ခြေစွမ်း ချင်းယှဉ်ကြည့်ရင်တော့ ကွင်းလယ်ပိုင်း အားသာချက်က ဂျာမနီအသင်း နိုင်ပွဲရစေခဲ့တဲ့ အကြောင်းရင်းပါပဲ။
နူအာ ပုတ်ထုတ်လိုက်ရတဲ့ ဖရီးကစ် ကန်ချက်တစ်ကြိမ် ကလွဲပြီး ရော်နယ်ဒိုလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဂေါ့ဇီ၊ မူလာတို့ရဲ့ နောက်မှာ အိုဇဲလ်ကို ထားကစားခဲ့တဲ့ ဂျိုအာချင်လိုရဲ့ နည်းဗျူ ဟာပိုင်းက အကောင်းဆုံး မဟုတ်ခဲ့ပေမယ့် ရသမျှအခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တဲ့ မူလာကိုတော့ မဖြစ်မနေ ချီးကျူးရမှာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိမ်အရေအတွက် အများဆုံး ကစားခဲ့ဖူးတဲ့ ဂျာမနီဟာ ဒီပွဲမှာ ပထမဆုံး ကမ္ဘာ့ဖလားရာပြည့်ပွဲ ကစားရတဲ့အသင်း အဖြစ်စံချိန်တင်ခဲ့ပြီး ပေါ်တူဂီကို အနိုင်ရခဲ့တာကြောင့် (၆၁)ပွဲနိုင်၊ ပွဲ(၂၀)ရှုံးဆိုတဲ့ မှတ်တမ်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပေါ်တူဂီဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် (၄)ဂိုး ပေးခဲ့ရတဲ့ မှတ်တမ်းဆိုး ရေးထိုးခံလိုက်ရပါတယ်။(ရုပ်သံပြကွက်မှာ မူလာရဲ့နောက်ဆုံးဂိုး မပါဝင်သေးပါ)

@z (ရိုးရာလေး)