တီအန်မင်ရင်ပြင် ကားဖြင့်တိုက်ခိုက်မှုတွင် ပါဝင်သူသုံးဦးကို သေဒဏ်ချမှတ်

ပို့စ်တင်ချိန် - 6/17/2014 09:45:00 AM

အောက်တိုဘာလက ဘေဂျင်းမြို့ တီအန်မင်ရင်ပြင်တိုက်ခိုက်မှုတွင်ပါဝင်ခဲ့မှုအတွက် ပြစ်ဒဏ်ချမှတ်ခံရသူများကို ရုံးတင်စစ်ဆေးနေပုံကို ဇွန်လ ၁၆ ရက်က တွေ့ရစဉ် (CCTV/REUTERS)


ပြီးခဲ့သည့်အောက်တို ဘာအတွင်း ဘေဂျင်းမြို့တော်ရှိ တီအန်မင်ရင်ပြင်တွင် လူအများ ကို ကားဖြင့် အတင်းဝင်တိုက်ကာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူ သုံး ဦးကို သေဒဏ်အသီးသီးချမှတ်လိုက်သည်။

တရုတ်နိုင်ငံပိုင်မီဒီယာက ထိုသူများကို ရှင်ကျန်းပြည်နယ်ရှိ တရားရုံးတစ်ရုံးက အကြမ်းဖက် တိုက်ခိုက်မှုများအတွက် သေဒဏ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုစဉ်က အကြမ်းဖက်သ မားများသည် ရင်ပြင်ထဲရှိ လူစည် ကားရာ နေရာအတွင်းသို့ ကားတစ်စီးဖြင့် အတင်းမောင်းဝင်ကာ တိုက်ခိုက်ခဲ့ပြီးနောက် ယင်းကားမှာ မီးလောင်ခဲ့သည်။

တိုက်ခိုက်မှုနှင့် ကားမီး လောင်မှု ဖြစ်ပွားပြီးနောက် ကားအတွင်းပါလာသူသုံးဦး သေဆုံးခဲ့သကဲ့သို့ ရင်ပြင်အတွင်း၌ ပြည်သူ ငါးဦး သေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာ ရခဲ့သည်။

ဆင်ဟွာသတင်းက ယခု သေဒဏ်ချမှတ်လိုက်သောလူသုံး ဦးမှာ ရှင်ကျန်းပြည်နယ်ရှိ မွတ် စလင် အိုက်ဂါလူမျိုးစုမှဖြစ်ပြီး ၎င်းတို့အမည်ကို ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် တနင်္ဂနွေ နေ့ကလည်း ရှင်ကျန်းပြည်နယ် ဟိုတန်မြို့ရှိ အားကစားခန်းမတစ် ခုအတွင်း လူသုံးဦးက စစ်တုရင် ထိုးနေသော လူအုပ်စုတစ်ခုကို ဓားများဖြင့် ဝင်ရောက်တိုက်ခိုက် ခဲ့ရာ လူလေးဦးဒဏ်ရာရရှိခဲ့သည်။

တိုက်ခိုက်သူများထဲမှ နှစ်ဦး မှာ ရဲများနှင့် ထိပ်တိုက်တွေ့ပြီး သေဆုံးခဲ့ကာ ကျန်တစ်ဦးမှာ  ဖမ်းဆီးခံခဲ့ရသည်။

တရုတ်အစိုးရသည် ရှင် ကျန်းဒေသမှလာသော တိုက်ခိုက် မှုများကို ကာကွယ်နိုင်ရန် အကြမ်းဖက်တိုက်ဖျက်ရေး လှုပ်ရှားမှုတစ်ရပ် ဆောင်ရွက်နေပြီး လက်နက်ကိုင်သူများ၊ အကြမ်းဖက်သမားများနှင့် စပ်လျဉ်း၍ သတင်းပေးနိုင်သူများကို ယွမ်သုံးသောင်း (ပေါင် ၂,၈၄၀)ခန့်အထိ ဆုငွေများပေးရန် ကြေညာထားသည်။

ဆင်ဟွာသတင်းက အာဏာပိုင်များသည် ယခုအချိန်အထိ လူထုထံမှ သတင်းပေးမှုပေါင်း ၃၀၀ ကျော် လက်ခံရရှိထားပြီး သတင်းများအပေါ် အခြေခံ၍ လူ ၆၀ ကျော်ကိုလည်း ထိန်းသိမ်းထားကြောင်း ကြေညာသည်။

—Ref: BBC

7day