စင်ကာပူမှာ Extreme Show သွားကြည့်ခဲ့ ကြတဲ့ လင်းလင်း နဲ့ ချစ်သုဝေ

ပို့စ်တင်ချိန် - 6/17/2014 12:17:00 PM



လင်းလင်း နဲ့ ချစ်သုဝေ တို့က စင်ကာပူမှာ Extreme Show၊ ပွဲရှိတာကြောင့် ဇွန်လ ၂ရက်နေ့က စင်ကာပူမှာ သွားကြည့် ခဲ့ကြပါတယ်။ စင်ကာပူမှာ ၄ရက် ကြာခဲ့ပြီး ရှိုး ပွဲကြည့် ခဲ့သလို တူမလေးနှစ်ယောက် နဲ့လည်း အချိန်ဖြုန်းရင်း ခင်ပွန်းနဲ့ လည်း ခရီးထွက်တဲ့ သဘောမျိုးနဲ့ သွားခဲ့ခြင်းဖြစ်ကြောင်း ချစ်သုဝေ က ပြောပါတယ်။

“စင်ကာပူမှာ Extreme Show ရှိတယ်။ Guitar သမား Nuno Bettencourt အဲဒါကို ဒယ်ဒီတို့၊ ကိုလင်းတို့က တအား ကြိုက်ကြတယ်။ အဲဒါကြောင့် လည်း သွားကြည့် ကြမယ် ဆိုပြီး စီစဉ်တာပေါ့။ ထရီဇာကလည်း ကား ရိုက်တွေ တောက်လျှောက် ရှိနေ တယ်။ ကိုယ်ပိုင် အချိန်လေးကို ကိုယ့် ဘာသာကိုယ် ဖန်တီးပြီး မယူရင် မရ ဘူး။ အဲဒီ အတွက်ကြောင့် ဇာတ်ကား ရိုက်ရက်ကို နည်းနည်း ညှိကြည့်တာ ရက်က လည်း အဆင်မပြေတာ နဲ့ အဲဒီ ကားရိုက် ရက်ကို လက်လွှတ်ပြီး စင်ကာပူ ကို ထွက်သွား လိုက်တာ ၄ရက် ကြာတယ်။

ထရီဇာ တို့နှစ်ယောက် စလုံးက အနုပညာ အလုပ်တွေ လုပ်လိုက် လူမှုရေး အလုပ် တွေ လုပ်လိုက် နဲ့ နှစ်ယောက်စလုံးက ကိုယ်ပိုင် အချိန်ဆိုတာ တအား ရှားသ လို ဖြစ်နေ တယ်။ အဲဒါကြောင့် ဖန်တီး ယူရတယ်။ ရှိုးမှာ ဆိုခဲ့တဲ့ သီချင်းတွေ ထဲမှာ ထရီဇာ ငယ်ငယ်က အန်ကယ်ဟယ် ရီလင်းရဲ့ “ဟယ်ရီလင်း ရဲ့ဟယ်ရီလင်း” အခွေ ထဲမှာ ထရီဇာ ၅တန်း ကျောင်းသူ ဘဝက ရှင်းရဲ့ လား ဆိုတဲ့ သုံးလုံး ဝင်ဆိုဖူးတယ်။ အဲဒီ သီချင်းရဲ့ မူရင်းသီချင်းက Extreme ဆိုခဲ့ တာ။ အဲဒီ သီချင်းလေး ပြန်ဆိုတော့ စိတ်ထဲ မှာ မှတ်မှတ် ရရလေး ဖြစ်ခဲ့ ရတယ်။ ကိုယ်ငယ် ငယ်ကဆိုခဲ့ရတဲ့ အဲဒီနေရာ နားလေးကို အင်္ဂလိပ်လို မရ ဘဲနဲ့ မြန်မာလို ပဲလိုက်ဆိုတာ ဘေးက အင်ဒို တစ် ယောက် ကတောင် ထရီဇာ ကို ကြည့်နေတယ်။ အဓိကကတော့ ဂစ်တာသမား ကိုကြည့်ချင်လို့ Nuno ကို ကြိုက်လို့ သွားကြတာ။ ဂစ်တာလက် စွမ်းကို တအား နားလည် တဲ့ထဲမှာ မ ပါတော့ မပြောတတ်ဘူး။ ကိုလင်းတို့ ဆိုရင် တအား သဘောကျ ပြီးရှေ့ဆုံး ကနေ သွားခံစား တယ်။ စင်ကာပူမှာ Extreme show ပရိသတ်က ထရီဇာ တို့ ထင်သလောက် မဖြစ်ခဲ့ဘူး။ ဖျော်ဖြေတဲ့ ဘက်ပိုင်း မှာတော့ အပြည့် အဝ ဖျော်ဖြေကြတယ်” လို့ ပြောပြီး သူ ငယ်ချင်းတွေ လည်း ပါတာကြောင့် ဒီတစ်ခေါက် ခရီးစဉ်က Relax လည်းဖြစ်သလို ပျော်လည်း ပျော် ခဲ့ရကာ အားသစ်တွေ လည်း ရခဲ့ ကြောင်း ချစ်သုဝေက ပြောပါတယ်။

ခိုင်ဝေလွင်

Popular Journal