အိမ်များဆီကို ဆက်သွယ်ထားတဲ့ ရေပိုက်လိုင်း က ရွှေတွေ ထွက်လာလို့ ဒေသခံတွေ အံ့အားသင့်ခဲ့ကြ

ပို့စ်တင်ချိန် - 6/17/2014 08:05:00 PM



အမေရိကန်ပြည်ထောင်စု၊ မွန်တာနာအရပ် ဒေသမှာ နေထိုင်တဲ့ သူတွေဟာ ရေပိုက်လိုင်းက နေရွှေတွေ ထွက်လာတဲ့ ဖြစ်ရပ် အပေါ် အံ့အားသင့် နေကြတယ်လို့ သိရပါတယ်။ ဒီ ဖြစ်ရပ်ကို သတိထားမိတဲ့ သူကတော့ ရှာရွန်ဆိုတဲ့ အမျိုးသမီးကြီး ဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ အိမ်မှာ ရှိတဲ့ ရေပိုက်ခေါင်းကို ဖွင့်နေစဉ်မှာ မသင်္ကာစရာတွေ ကို တွေ့မြင်ခဲ့ ရပါတယ်။ အဲဒါကတော့ရေမှာ အမှုန်အမွှားတွေ ပါဝင်နေခြင်းပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို ခင်ပွန်း ဖြစ်သူ မာ့ခ်ဘရောင်းကို အသိပေးခဲ့ပါတယ်။ ဒီနောက်သူတို့ နှစ်ဦးဟာ အမှုန်အမွှားတွေကို စစ်ထုတ်ပြီး စမ်းသပ်မှုတွေ ပြုလုပ် ခဲ့တဲ့အခါမှာ ရွှေအစစ်တွေ ဖြစ်ကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။

မာ့ခ်ဘရောင်းက ကျွန်တော့်ရဲ့ ဇနီးဟာ ရေပိုက်ကိုဖွင့်စဉ်မှာ အမှုန်တွေ တွေ့ခဲ့ရပါ တယ်။ ဒါတွေကို ကျွန်တော်တို့က ရွှေလို့ထင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ စမ်းသပ်တဲ့ အခါမှာ ရွှေအစစ်တွေဖြစ်နေပါတယ်။ ဒီအဖြစ်အပျက်ကို ကျွန်တော် မရှင်းပြတတ် တော့ပါဘူး လို့ ပြောခဲ့ပါတယ်။ မာ့ခ်ဘရောင်းရဲ့ အိမ်နီးနားချင်းဖြစ်သူ ပေါလ်ဟာပါကလည်း ရေသောက်ဖို့ပြင်တဲ့ အခါ ရွှေတွေကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဒေသခံတွေဟာ ရေ ပိုက်လိုင်းမှာ ရွှေမှုန်တွေပါဝင်နေခြင်းအ ပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေကြပါတယ်။ ဒီဒေသနဲ့ (၅)မိုင်သာ ကွာဝေးတဲ့ နေရာမှာ ရွှေတူးဖော်ရေး လုပ်ငန်းတစ်ခုရှိပါတယ်။ ရွှေတွေဟာ အဲဒီကနေတစ်ဆင့် ရောက်လာတာဖြစ်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေ ကတော့ ရွှေတွေဟာ ရေပိုက်လိုင်း အတွင်းကို ရောက်လာဖွယ် လုံးဝမရှိဘူး လို့ ငြင်းချက်ထုတ်ထားကြပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

The Messenger