ဧည့်စာရင်းစစ်ဆေးသူများကို ရန်ပြုခဲ့သော ဘင်္ဂါလီ ၁၁ဦး ဖမ်းဆီး

ပို့စ်တင်ချိန် - 6/17/2014 09:42:00 AM



မောင်တောမြို့နယ်အ လယ်သံကျော်ကျေးရွာတွင် နယ် စပ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်  များနှင့်ကျေးရွာလူကြီးအချို့ဧည့် စာရင်းစစ်ဆေးသည်ကိုလက်မခံ ဘဲ ရန်ပြုခဲ့သည့်ဘင်္ဂါလီ၁၁ဦး ကို ဖမ်းဆီးထားကြောင်းသတင်း ရရှိသည်။

နယ်စပ်တင်းမာမှုများအား သံတမန်နည်းဖြင့်  ဖြေရှင်းပြီး နောက် နယ်စပ်လုံခြုံရေးကိုတင်း တင်းကျပ်ကျပ်ဆောင်ရွက်နေစဉ်  အလယ်သံကျော်ကျေးရွာ၌ ဇွန် ၁၄ရက်က ဖြစ်ပွားခဲ့ကြောင်း နယ် မြေလုံခြုံရေးယူထားသည့် အမှတ် (၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှအ မည်မဖော်လိုသည့် ရဲအရာရှိတစ် ဦးကပြောသည်။

‘‘စာရင်းထဲမှာ ရှိနေတဲ့သူ ဧည့်စာရင်းစစ်တော့  မတွေ့လို့ မေးတာမှာ ရွာသား ၁၅ ယောက် က ကျေးရွာလူကြီးတချို့ကို ပြန်ရန်ပြုတာ။ ၁၁ ယောက်တော့ မိထားပြီ။ ကျန်တဲ့လေးယောက်ကတော့ ပြေးနေတုန်းပဲ’’ ဟု အဆိုပါရဲအရာရှိကပြောကြားသည်။

 နယ်စပ်လုံခြုံရေးအတွက် ဧည့်စာရင်းစစ်ဆေးရာတွင် ဘင်္ဂါ လီအများစုက ကျေးရွာလူကြီးများ အား ပြန်လည်ရန်တွေ့မှုများရှိခဲ့ ကြောင်းပြောသည်။ ၎င်းတို့ကိုစစ် ဆေးနေပြီး တာဝန်ဝတ္တရားနှောင့် ယှက်မှုဥပဒေပုဒ်မ ၃၅၃ဖြင့်အမှု ဖွင့်ထားကြောင်း သတင်းရရှိ သည်။

‘‘သွားလာရေးခက်ခဲတဲ့နေ ရာတွေမှာ လက်နက်ကိုင်အဖွဲ့ တွေနဲ့ ဆက်သွယ်နေတဲ့သူတွေ၊ လူသစ်စုဆောင်းတဲ့သူတွေရှိ တတ်လို့ အသေအချာစစ်ဆေးနေ တယ်။ နယ်မြေလုံခြုံရေးဆောင် ရွက်နေတဲ့အတွက် မှန်မှန်ကန် ကန်ပူးပေါင်းကူညီစေချင်တယ်။ ဒေသခံတွေက ကျွန်တော်တို့ကို ကူညီတာမရှိသလောက်ဘဲ’’ဟု ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ကပ် လျက်ရှိသည့် မြန်မာပိုင်နက်အ တွင်းရှိ အလယ်သံကျော်ကျေးရွာ သည် မူဂျာဟစ်သူပုန်များဝင် ရောက်ခိုလှုံခဲ့သောကြောင့် ၁၉၉၄ ခုနှစ်တွင် တပ်မတော်က စစ်ဆင် ရေးနှစ်လကြာပြုလုပ်၍ ချေမှုန်းခဲ့ ဖူးသည်။

ယင်းစစ်ဆင်ရေးတွင် အလယ်သံကျော်ကျေးရွာရှိ လျှို မြောင်များအတွင်း အခိုင်အမာ တပ်စွဲထားသည့် မူဂျာဟစ်သူပုန် တစ်ရာနီးပါး ရှင်းလင်းနိုင်ခဲ့ပြီး တင့်ကားနှင့် လေယာဉ်ဖျက်လက် နက်များပါ မြန်မာ့တပ်မတော်က သိမ်းဆည်းနိုင်ခဲ့သည်။

7Day News  Daily