ကွာလာလမ်ပူတွင် ၂၄ နာရီအတွင်း အလုပ်ရှင် လာမခေါ်ရင် ပြန်ပို့ခံရမည်

ပို့စ်တင်ချိန် - 6/17/2014 07:23:00 PM


မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာတဲ့ မြန်မာအပါအ၀င် နိုင်ငံတကာ အလုပ်သမားသစ်တွေကို သက်ဆိုင်ရာအလုပ်ရှင်က ၂၄ နာရီအတွင်း လာရောက် ခေါ်ယူရမှာ ဖြစ်ပြီး လာမခေါ် တဲ့သူတွေကို တင်ဆောင်ခဲ့တဲ့ လေကြောင်းလိုင်းနဲ့ သက်ဆိုင်ရာ နိုင်ငံ ပြန်ပို့မယ်လို့ မလေးရှားအာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။

ဒီအချက် မှန်ကန်ကြောင်း နဲ့ လေကြောင်း လိုင်းတွေဟာလည်း အလုပ် သမားတွေအတွက် အသွား အပြန် လေ ယာဉ်လက်မှတ် ၀ယ်ယူထားသူတွေကိုမှ တင်ဆောင်ကြောင်း နယူးစတား မလေးရှား အလုပ်အ ကိုင်အေဂျင်စီရုံးရဲ့ တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။

မလေးရှားအာဏာပိုင်တွေဟာ အလုပ်သမားတွေ၊ စာရွက်စာတမ်းအတု ကိုင်ဆောင်မှုတွေကိုလည်း ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တဲ့အတွက် ကိုယ်ပို့ဆောင်တဲ့ အလုပ်သမားတွေကိုလည်း ကိုယ်တိုင် အပြည့်အ၀ တာဝန်ယူဖို့ အလုပ်သမား ၀န်ကြီးဌာနက ညွှန်ကြားထားကြောင်း သူက ရှင်းပြပါတယ်။

DVB (မြန်မာပိုင်း)