အရက်မသောက်ရင် ဇနီးကဆူတဲ့ ဂျပန်နိုင်ငံ က “လခစား” များ

ပို့စ်တင်ချိန် - 6/17/2014 04:00:00 PM



လူအချို့ကတော့ အလုပ်ဆင်းတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်ခွက်တစ်ဖလားလောက် ချလေ့ရှိပါတယ်။
ဂျပန်က လူတွေအတွက်တော့ ဒီလိုသောက်ရတာဟာ အိမ်မက်ဆိုးကြီး တစ်ခုလို ဖြစ်နေပါပြီတဲ့။

သူတို့ကို salarymen(လခစားများ) လို့ခေါ်ကြပြီး အထက်လူကြီးရဲ့ သောက်ကြဖို့ပြောလာတာကို ဘယ်တော့မှ မငြင်းနိုင်သူတွေ လို့ဆိုပါတယ်။
အထက်လူကြီးကို “နိုး” လို့ မပြောနိုင်တာကြောင့် သူတို့တွေဟာ လူမြင်ကွင်းတွေမှာ ရုပ်ပျက်ဆင်းပျက် မူးရတဲ့အထိ ဖြစ်လာကြပါတယ်
ဒီလိုမျိုး အလုပ်ဆင်းစုဖွဲ့သောက်ကြတာဟာ ကုမ္ပဏီတွေ၊ ကော်ပိုရေးရှင်းကြီးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုမှာ အလွန်အရေးကြီးတဲ့ လက္ခဏတစ်ခုလို့ဆိုပါတယ်။


Nomikai လို့ခေါ်ဆိုတဲ့ ဒီလိုစုဖွဲ့သောက်ခြင်းဟာ လုပ်ဖော်ကိုင်ဖက်တွေ ရင်းနှီးမှုရှိစေဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

“ပြောရရင်တော့ဗျာ ခင်ဗျားက အထူးကျွမ်းကျင်တဲ့ နည်းပညာတစ်ခုနဲ့ အလုပ်သမား တစ်ယောက်မဟုတ်ဘူး။ ဒီတော့ ခင်ဗျားမှာ အခြားအလုပ်သမားတွေနဲ့ ကွဲပြားတာ ဘာမှမရှိဘူး
ဒါကြောင့် ခင်ဗျားက ပေါ်ပေါ်လွင်လွင်နဲ့ ရာထူးတက်ချင်တယ် ဆိုရင်တော့ ရိုးရိုးသားသား အသည်းနှလုံးထွက်ကျတဲ့ထိ လုပ်နေတာထက်စာရင် အရက်ပွဲတက်တာက ပိုထိရောက်တယ်ဗျ” လို့ စီမံခန့်ခွဲရေး အတိုင်ပင်ခံ Shinsuke Suzuki က Japan Today ကို ပြောကြားခဲ့ပါတယ်။
ဒီလို ဂျပန်လခစားတွေရဲ့ လူမြင်ကွင်းမှာ စိတ်လွတ်ကိုယ်လွတ် မူးနေကြပုံတွေအကြောင်း ဓာတ်ပုံရိုက်ထားတဲ့ ဓာတ်ပုံစုစည်းမှု တစ်ခုကို Izismile ဝက်ဆိုက်ဒ်မှာ ဖော်ပြခဲ့တယ်။
လက်ရှိမှာ ဝင်ရောက်ကြည့်ရှုသူပေါင်း ၁၀၀၀၀၀ ထိ ရှိလာခဲ့ပြီး ကြည့်ရှု့သူတွေထဲက တစ်ယောက်ကတော့ “ဂျပန်မှာ ဒါဟာ ယဉ်ကျေးမှုပဲ” လို့ ရေးသားခဲ့ပါတယ်။
Image and video hosting by TinyPic

“ခင်ဗျားမှာ အိမ်ထောင်ရှိပြီးသားမို့လို့ အိမ်ကို စောစောပြန်မယ်ဆိုရင်လည်း ခင်ဗျားဇနီးက စိုးရိမ်နေလိမ့်မယ်။ ခင်ဗျားဇနီးက ကြိမ်းလိမ့်မယ်။ ဘာကြောင့် ကိုယ့်လူကြီးကို ကိုယ် မဖျော်ဖြေတာလဲ ဆိုပြီးတော့ပေါ့ဗျာ……
တမင်တကာ အချိန်ဖြုန်းပြီးတော့ပဲဖြစ်ဖြစ် အိမ်ပြန် နောက်ကျမယ် ဆိုရင်တော့ ခင်ဗျားဇနီးက ထင်လိမ့်မယ်။ အလုပ်မှာ ခင်ဗျားလုပ်ရမယ့် အရာတိုင်းကို လုပ်ခဲ့ပြီးပြီပေါ့” လို့ Shinsuke Suzuki က ပြောကြားခဲ့ပါတယ်။

Credit: ဖိုးသူတော်