ခွေးကိုက်ဒဏ်ရာနှင့်ကလေးငယ်ကို KFC ကြက်ကြော်ဆိုင်မှမောင်းထုတ်

ပို့စ်တင်ချိန် - 6/17/2014 07:23:00 PM


ဇွန်လ ၁၇ ၊ ဂျက်ဆန် ၊မစ္စစ္စပီ

ခွေးဘီလူးကိုက်ခံရ၍ မျက်နှာဒဏ်ရာနှင့် မျက်စိကာတစ်ဖက်တပ်
ထားသော ၃ နှစ်သမီးတစ်ဦးကို အခြားစားသုံးသူများအနှောက်
အယှက်ဖြစ်နေ၍ KFC ကြက်ကြော်ဆိုင်မှ ထွက်ခွာပေးရန်ပြော ဆိုခဲ့သည်ဆိုသောကြောင့် လူမှုကွန်ယက်မီဒီယာတွင် KFCကိုဒေါသတကြီးဖြင့် ပြင်းပြင်း ထန်ထန်တုံ့ပြန်ခဲ့ကြသည်။

်လူမှုကွန်ယက်မီဒီယာအသုံးပြုသူများမှ KFC ဆိုင်ကို သပိတ်မှောက်ဆန့်ကျင်ရန် ပြောဆိုလှုံ့ဆော်ကြပြီးသည့်အခါ KFC က မဆိုင်းမတွတောင်းပန်ခဲ့သည်။

ယင်းကလေးငယ်၏ ဆေးကုသစရိတ်အတွက် ဒေါ်လာ ၃ သောင်း လှူဒါန်းပါမည်ဟုလည်း KFC က ပြောဆိုခဲ့သည်။ လွန်ခဲ့သော လအနည်းအငယ်က ခွေးဘီလူးကိုက်ခံရသည့် ဗစ်တိုးရီးယားဝီချာသည် ပုံမှန်ဆေးကုသခံနေရကာ အဖွားဖြစ်သူ ကယ်လီမူလန်က မြေးဖြစ်သူကို မစ္စစပီပြည်နယ် ဂျက်တန်မြို့ရှိ KFC ကြက်ကြော်ဆိုင်သို့ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

လက်ဖက်ရည်အချိုတစ်ခွက်နှင့် အာလူးနှပ်စွပ်ပြုပ်မှာယူပြီးသည့်အခါ သူရဲ့မျက်နှာဟာ အခြားစားသုံးသူတွေကို အနှောက်အယှက်ဖြစ်လို့ ဆိုင်ထဲကထွက်ခွာပေးပါဟု KFC ပြောဆိုခဲ့သည့်အကြောင်း အဖွားဖြစ်သူက မီဒီယာသို့ပြောသည်။ မျက်နှာခွဲစိတ်မှုကြိမ်ဖန်များစွာ ခံယူနေရသည့် ဗစ်တိုးရီးယားသည် အိမ်အပြန်လမ်းတစ်လျှောက်လုံး ငိုယိုခဲ့ကာ မှန်ကိုပင်မကြည့်တော့ကြောင်း မိသားစုဝင်များက ပြောသည်။

” ဒီမျက်နှာက သင်တို့ကို ကြောက်ရွံ့စရာဖြစ်နေလား ” ဆိုသည့် မေးခွန်းနှင့်အဆိုပါဖြစ်စဉ်ကို ဗစ်တိုးရီးယားမိသားစု Facebook မှ တင်ပြခဲ့ပြီးနောက် လူမှုကွန်ယက်မိဒီယာအသုံးပြုသူများအကြား KFC အပေါ်မကျေနပ်မှုများ ကျယ်ပြန့်စွာဖြစ်ပေါ်ခဲ့သည်။ တနင်္လာမနက်ထိ ၎င်း ဖေ့ဘုစ်ခ်စာမျက်နှာတွင် ” Like ” ပေါင်း ၄၉၀၀၀ နီးပါးရရှိခဲ့သည်။

LYT
Popular Journal