ကမ္ဘာ့ဖလားပွဲစဉ်များကြည့်ရန် မအိပ်ဘဲနေသည့် တရုတ်ဘောလုံးပရိသတ်တစ်ဦး အိပ်ရေးပျက်သေဆုံး

ပို့စ်တင်ချိန် - 6/17/2014 05:46:00 PM


အောင်သုတ
တရုတ်နိုင်ငံမှ ဘောလုံးပရိသတ်တစ်ဦးသည် ဘရာဇီးနိုင်ငံတွင် ကျင်းပနေသည့်
ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များကို ကြည့်ရှုရန်အတွက် မအိပ်ပဲ
စောင့်ဆိုင်းနေခဲ့ရာ အိပ်ရေးပျက်သည့်အတွက် အသက်ဆုံးရှုံးခဲ့ရသည်ဟု
ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။
အသက် ၂၅ နှစ်အရွယ် ယင်းဘောလုံးပရိသတ်ကို သောကြာနေ့က ကစားခဲ့သော
စပိန်နှင့်ဟော်လန်အသင်းတို့၏ ပွဲစဉ်အပြီးတစ်နာရီခန့် အ ကြာတွင်
ရှန်ဟိုင်းပြည်နယ်အနီးရှိ Suzhou မြို့ရှိ ၎င်း၏နေအိမ်၌ တီဗီရှေ့တွင်
သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းပွဲစဉ်ကစားခဲ့သော ဘရာဇီးနိုင်ငံ၊
ဆယ်လ်ဗေးဒိုးမြို့၏ စံတော်ချိန်မှာ ရှန်ဟိုင်းထက် ၁၁ နာရီနောက်ကျပြီး
ဘောလုံးပွဲပြီးဆုံးချိန်မှာ တရုတ်နိုင်ငံတွင် နံနက် ၅ နာ
ရီခန့်ရှိအချိန်ဖြစ်ရာ ယင်းပရိသတ်အနေဖြင့် ဘောလုံးပွဲကြည့်ရှုရန် တစ်ညလုံး
မအိပ်ပဲစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ၎င်း၏ သေဆုံးမှုကို စစ် ဆေးခဲ့သည့်
ဆရာဝန်ကလည်း ယင်းသေဆုံးမှုမှာ အိပ်ချိန်မလုံလောက်ခြင်းကြောင့်ဟု
ကောက်ချက်ချခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် တရုတ်နိုင်ငံရှိ ဘောလုံးပရိသတ်များအနေဖြင့်
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အိပ်ချိန်များကို ဂရုစိုက်ကြရန်နှင့် လုံ
လောက်သည့် အိပ်ချိန်မရှိပါက အန္တရာယ်ရှိနိုင်ကြောင်း
ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူများက သတိပေးထားသည်။ ယူရို ၂၀၁၂
ပြိုင်ပွဲအတွင်း ကလည်း တရုတ်ဘောလုံးပရိသတ်တစ်ဦးမှာ ဘောလုံးပွဲစဉ်များကို
ကြည့်ရှုရန် ၁၁ ညဆက်တိုက်မအိပ်ခဲ့သည့်အတွက် သေဆုံးခဲ့ရသည်။

ရည်ညွှန်း - Daily Mail
Mizzima Burmese