အားလုံးဆင်တူပြီး မွေးနေ့ ၃၉ ရက်ခြားတဲ့ အမြွှာ

ပို့စ်တင်ချိန် - 6/17/2014 10:51:00 AM


ပုံမှန် မွေးဖွားခဲ့ကြတဲ့ အမွှာစုံတွဲတွေကတော့ မျက်နှာသွင်ပြင်နဲ့ အခြား ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေပါ တူညီလေ့ ရှိကြပါတယ်။ အခြားအရာတွေ မတူရင်တောင် မွေးနေ့ ကတော့ အများဆုံး ထပ်တူညီကြလေ့ ရှိပါတယ်။ ဒါပေမယ့် မွေးနေ့မတူတဲ့ အမြွှာစုံတွဲကိုတော့ Kansas မြို့က ကလေးမိခင် တစ်ဥိးမှာ တွေ့ကြုံခဲ့ရပါတယ်။ သူမရဲ့ သားငယ် အမြွှာစုံတွဲကိုတော့ အချိန် တစ်လကျော် ကြာပြီးမှ မွေးဖွားခဲ့ရတဲ့ ထူးဆန်းဖြစ်ရပ် တစ်ခုဆိုလည်း မမှားပါဘူး။

အတိအကျပြောရရင်တော့ အမြွှာစုံတွဲထဲက သားအကြီးဖြစ်သူ ကားလ်က အငယ် ဒေးဗစ်ထက် ငါးပတ်ကြာ (၃၉) ရက် ကြီးပါတယ်။ သူတို့ အမြွှာစုံတွဲကတော့ ကမ္ဘာပေါ်မှာ အရှားပါးဆုံးမွေးဖွားခဲ့တဲ့ အမြွှာစုံတွဲဆိုလည်း မမှားပါဘူး။


သူတို့ရဲ့ ဖခင်ဖြစ်သူ ဒေးဗစ်ကိုဝမ်ကတော့ အရေးပေါ်ခန်း ဆရာဝန် ဖြစ်ပြီး သူနဲ့ ဇနီးဖြစ်သူ အီလန်တို့ဟာ ဆော်ဒီ အာရေဗျမှာ နေထိုင်ကြပေမယ့် ကလေးတွေကိုတော့ အမေရိကန်မှာပဲ ပြန်လည် မွေးဖွားလိုစိတ် ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန် ၂၃ ပတ်အကြာမှာတော့ အမေရိက ကိုပြန်လာခဲ့ကြပြီး လေယာဉ်ဆိုက်တဲ့ အခိုက်အတန့်မှာပဲ ဇနီးသည် ဗိုက်နာခဲ့ပြီး မီးဖွားဖို့ အစပြုခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ၂၃ ပတ်ပဲ ရှိသေးတာမို့ ကလေးမွေးဖို့ မချိန်မတန်သေးပေမယ့် သားအကြီးဖြစ်သူ ကားလ်ကိုတော့ မွေးဖွားခဲ့ပါတယ်။ အဆိုပါ မီးဖွားချိန်ဟာ သူမဘ၀အတွက် အခက်အခဲဆုံး ဖြစ်ပြီး သားအကြီးဖြစ်သူ ကားလ် အဖက်မတင် ဖြစ်မှာကိုလည်း စိုးရိမ်ခဲ့ပါတယ်။ မွေးဖွားစဉ်က သူဟာ ကလေးတစ်ယောက် လို့တောင် ထင်ရက်စရာ မရှိတဲ့ အသားတုံးလေး ဖြစ်ပြီး အခုလို အသက်ရှင်မယ်လို့တောင် မယုံခဲ့ဘူးလို့ မိခင် ဖြစ်သူက ပြောပါတယ်။

သေးငယ်လွန်းတဲ့ ကလေးဟာ ကိုယ်အလေးချိန် ၁ ပေါင်ကျော်ပဲ ရှိပြီး ကလေးရဲ့ လက်ကောက်ဝတ်မှာ သူမတို့ရဲ့ လက်ထပ်လက်စွပ် ၀တ်လို့တောင် ရတယ်လို့ ပြောပါတယ်။ သားကြီးဖြစ်သူ ကားလ်ကို မွေးဖွားပြီးနောက် အိပ်ယာထဲမှာပဲ နားနေဖို့ ဆရာဝန်တွေက ညွှန်ကြားခဲ့ပါတယ်။ အဲဒီနောက် ၃၉ ရက် အကြာမှာတော့ သားငယ် ဒေးဗစ်ကို ဖွားမြင်ခဲ့ပါတယ်။


ဒေးဗစ်ကတော့ ၂ဒဿမ ၉ပေါင် ရှိမယ်နဲ့ တူတယ်။ သူကတော့ တကယ့် မွေးကင်းစ ကလေးပါပဲလို့ သူမက ပြောပါတယ်။ လေးလအကြာမှာတော့ မိခင်ရော သားနှစ်ယောက်ပါ အိမ်ပြန်နိုင်ခဲ့ပြန်ပါပြီ။ သို့သော်လည်း ကားလ်ကိုတော့ အောက်ဆီဂျင် ပေးနေရပါတယ်။ အဲဒီအချက်ကလွဲလို့ ကလေးနှစ်ယောက်စလုံး ကျန်းမာကြပါတယ်။


ဖခင်ကတော့ အလုပ်တာဝန်ရှိတဲ့ ဆော်ဒီကို ပြန်သွားပေမယ့် ကလေးနှစ်ဦး ခရီးသွားနိုင်တဲ့ အရွယ်၊ ကျန်းမာရေး လုံးဝကောင်းမွန်တဲ့ အရွယ်မှပဲ မိခင်နဲ့ အတူ ဆော်ဒီကို ပြန်သွားကြမယ်လို့ သိရပါတယ်။

World Myanmar News