ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်- မဖြစ် ပြည်သူအပေါ် မူတည်

ပို့စ်တင်ချိန် - 6/17/2014 01:00:00 PM


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သူ့အနေနဲ့ ၂၀၁၅ ခုနှစ်မှာ သမ္မတဖြစ်ရေး မဖြစ်ရေးဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထားအပေါ်မှာ မူတည်နေကြောင်း ပြောကြား လိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင် အထည်ဖော်ရေး ကော်မတီက ပုဒ်မ် ၅၉(စ)ကို မပြင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး  နီပေါနိုင်ငံကနေ မထွက်ခွာခင်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်း ပုံပြင် - မပြင် ဆိုတာနဲ့ သူ့ကိုသမ္မတအဖြစ် ရွေးလို - မလို ဆိုတဲ့အပေါ် ပြည်သူတွေရဲ့ ဆန္ဒကသာ အဓိကဖြစ်ပါတယ်လို့  သူ့ရဲ့ ခရီးစဉ်နောက်ဆုံးနေ့ဖြစ် တဲ့ ဒီကနေ့မှာ ပြောလိုက်တာပါ။

နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်သွားရောက် ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေမှာ  ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

RFA Burmese