သူများခြံထဲ သေးဝင်ပေါက်မိတဲ့ကလေး ပစ္စည်းအဖြတ်ခံရ

ပို့စ်တင်ချိန် - 6/17/2014 01:01:00 PM


ခင်ဗျားဘယ်လောက်ပဲ မလွယ်နိုင် မအောင့်နိုင် ဖြစ်နေပါစေ ..အိန္ဒိယက ဘယ်သူ့ခြံထဲကိုမှ သွားပြီး
သေးနဲ့ မပန်းပါနဲ့။ မတန်လို့ပါဗျာ….

လွန်ခဲ့တဲ့အပတ်က အိန္ဒိယနိုင်ငံ Uttah Pradesh ပြည်နယ်က ရွာလေးတစ်ရွာမှာ ငါးနှစ်အရွယ် ကလေးတစ်ဦးဟာ လူတစ်ယောက်ရဲ့ ခြံထဲမှာ အပေါ့သွားမိတာကြောင့် ဒီလူ က ကလေးဖြစ်သူရဲ့ယောကျာ်းတန်ဆာကို ဖြတ်ပစ်ခဲ့ပါတယ်။

အင်္ဂါနေ့မှာ Ritesh Sheshram လို့ခေါ်တဲ့ ဒီကလေးက ခြံထဲ သေးဝင်ပေါက်နေတုန်း ပိုင်ရှင်ဖြစ်သူက ဖမ်းမိသွားခဲ့တာဖြစ်ပြီး သူ့ရဲ့ယောက်ျားဘဝကို အဆုံးမသတ်ခင် မရပ်မနား ရိုက်ခဲ့သေးတယ်လို့လည်းဆိုပါတယ်။

ကလေးဖြစ်သူက အိမ်ကို ပြန်ပြေးနိုင်တာကြောင့် အနီးဆုံးဆေးရုံကို ပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။
Sheshram ရဲ့မိသားစုက ရဲကိုတိုင်ကြားခဲ့ပြီး ရဲများက ခြံပိုင်ရှင်နဲ့ သူ့သားကို ဖမ်းဖို့သွားရာမှာ နှစ်ဦးစလုံးက ထွက်ပြေးသွားခဲ့တယ် လို့ဆိုပါတယ်။

အဖြတ်ခံရတဲ့ Sheshram ကတော့ Allahabad မြို့ကSRN ဆေးရုံမှာ ပြန်လည်သက်သာလာပြီဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။