ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်မှုရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပို့စ်တင်ချိန် - 6/17/2014 07:27:00 PM


ဓာတ်ပုံ – အန်အယ်လ်ဒီ

ရွေးကောက်ပွဲကော်မရှင်ဟာ ဘက်လိုက်မှုရှိတယ်လို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပြီး နောက်နှစ် ရွေးကောက်ပွဲအတွက် မဲမပေးရသေးခင် စစ်တပ်ကို ပြောဆိုထားတဲ့စကားကို ပြင်ဆင်ပြောဆိုဖို့ သတိပေးချက်တွေကို ပယ်ချလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မ ရှင်ဟာ ကမ္ဘာပေါ်မှာ ဘက်မလိုက် ကြားအနေဆုံးထဲက တခုမဟုတ် ဘူးလို့ ဒေါ်အောင် ဆန်းစုကြည်က  ၄ ရက်ကြာ နီပေါနိုင်ငံ ခရီးစဉ် အပြီး မှာ ပြောပါတယ်။

“ကျမ သို့မဟုတ် တခြားခေါင်းဆောင်တွေကို ဘာတွေကို ပြောသင့်တယ်၊ ဘာတွေတော့ မပြောသင့်ဘူး ဆိုပြီး သတိပေးတာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အလုပ် မဟုတ်ဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ခတ္တမန္ဒူမြို့တော်မှာ ပြောသွားပါတယ်။

ပြည်သူ့လွှတ်တော်အမတ်အဖြစ် ၂ နှစ်ကြာ သက်တမ်းရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် စည်းရုံးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့လက ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကို ဟောပြောခဲ့တဲ့ စစ်တပ်ကို စိန်ခေါ်ပါတယ်ဆိုတဲ့ စကားအသုံးအနှုန်းကို ရွေးကောက်ပွဲကော်မရှင်က သတိပေးခဲ့ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်နေရာ ၄ ပုံ ၁ ပုံကို ရွေးကောက်ခံ မဟုတ်တဲ့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေကို နေရာပေးထားတာ ဖြစ်ပါတယ်။

DVB Burmese