သမီးအရင်းကို ဓါးနှင့်ထောက်ပြီး သားမယားပြုကျင့်သူ ဖခင်အား အရေးယူထား

ပို့စ်တင်ချိန် - 3/15/2014 05:12:00 PM



နေပြည်တော်၊ မတ်လ ၁၅

၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့၊ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့မရဲစခန်းသို့ ဆင်ပေါင်ဝဲမြို့နယ်၊ xxxxxxxရွာနေ မxxxxx(၁၆)နှစ်ရောက်ရှိလာပြီး လွန်ခဲ့သော(၅)လခန့်၊ ရက်မမှတ်မိနေ့ ည(၆)နာရီအချိန်ခန့်က နေအိမ်တွင်ရှိနေစဉ် အရက်မူးနေသည့် ဖခင်အရင်းဖြစ်သူ ဦးကုလား(ခ)တင်ငွေ(၅၂)နှစ်မှ ““သမီးရေ လာအုံး””ဟုခေါ်ကာ ဓါးနှင့်ထောက်ပြီး အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ နောက်နေ့များတွင်လည်း အရက်မူးယစ်ပြီး ဆူပူ ကြိမ်းမောင်းကာ ဓါးနှင့်ထောက်၍ မကြာခဏ အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ယောင်းမတော်စပ်သူအားပြောပြပြီး ကျေးရွာကျန်းမာရေးဆရာမထံ သွားရောက်ပြသခဲ့ရာမှ ကိုယ်ဝန် (၅)လခန့်ရှိကြောင်း ပြောပြသိရှိခဲ့ရသဖြင့် အရေးယူပေးရန်တိုင်တန်းခဲ့ရာ ကုလား(ခ)တင်ငွေအား ဆင်ပေါင်ဝဲမြို့မရဲစခန်း(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်