ယူကရိန်းအရေး အမေရိကန်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး

ပို့စ်တင်ချိန် - 3/15/2014 02:52:00 PM

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ဟာ မတ်လ ၁၄ ရက်နေ့က လန်ဒန်မြို့က အမေရိကန်သံအမတ်နေအိမ်မှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေးကို ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှုတချက်မှ မရပဲ ပြီးဆုံးသွားပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ယူကရိန်းအရေးမှာ အမေရိကန်နိုင်ငံရဲ့ အမြင်သဘောထားမတူပဲ ရလဒ်တခုမှ မထွက်ခဲ့ဘူးလို့ဆိုပါတယ်။ ယူကရိန်းအရေးအခင်းဟာ ရုရှားနိုင်ငံရဲ့ လုပ်ရပ်တွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့လည်း ဆိုပါတယ်။

ရုရှားနိုင်ငံအနေနဲ့ ခရိုင်မီယာပြည်သူတွေရဲ့ဆန္ဒ၊ တနင်္ဂနွေနေ့ လူထုဆန္ဒခံယူပွဲရလဒ်ကို လေးစားမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ယူကရိန်းနိုင်ငံရဲ့ အခြားဒေသတွေကိုလည်း ကျူးကျော်ဖို့ အစီအစဉ် မရှိဘူးလို့လည်းက ဆိုပါတယ်။
ဂျွန်ကယ်ရီက ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာကို မထိခိုက်စေမယ့် အပြုသဘောဆောင်တဲ့ အစီအစဉ်တွေကို ချပြခဲ့ပေမယ့် ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဆန္ဒခံယူပွဲမပြီးမချင်း ရုရှားနိုင်ငံရဲ့ ရပ်တည်ချက်ကို အတိအကျမသိနိုင်ဘူးလို့ ဆိုပါတယ်။ လူထုဆန္ဒခံယူပြီး ခရိုင်မီယာကို ရုရှားနဲ့ပူးပေါင်းဖို့ အတည်ပြုတာဟာ ခရိုင်မီယာကို ရုရှားက ခိုးကြောင်ခိုးဝှက် သိမ်းယူတာအဖြစ် မှတ်ယူမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံက ဆိုပါတယ်။

အမေရိကန်က ခရိုင်မီယာက ရုရှားရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီမှာတင်ခဲ့ပြီး ရုရှားကို ၀ိုင်းကြဉ်ဖို့ နိုင်ငံတကာရဲ့ ထောက်ခံမှုကို ရယူခဲ့ပါသေးတယ်။ ခရိုင်မီယာလူထုဆန္ဒခံယူပွဲဟာ နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကို ပလာဒီမာပူတင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ အီးယူနိုင်ငံတွေဟာ ယူကရိန်းနိုင်ငံရဲ့ အချုပ်အချာအာဏာတည်မြဲရေးမှာ တညီတညွတ်ထဲ ရပ်တည်ကြပြီး အချုပ်အချာချိုးဖောက်ခံရရင် တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့လည်း တညီတညွတ်ထဲ သဘောတူထားကြတာလည်းဖြစ်ပါတယ်။

DVB Burmese