အငှားယာဉ်မောင်းထံမှ ငွေ နှင့် ဖုန်းဟန်းဆက်လုယက်ခံရ

ပို့စ်တင်ချိန် - 3/15/2014 05:16:00 PM



ရန်ကုန်၊ မတ် ၁၅

၁၃.၃.၂၀၁၄ရက်နေ့၂၁၀၀အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ
အငှားယာဉ်မောင်း ဦးနိုင်ဦးသည် ၎င်း၏အငှားယာဉ်ဖြင့် ယုဇနဥယျာဉ် မြို့တော်သို့ခရီးသည်ပို့ပြီး သာကေတမြို့နယ်၊ ရှုခင်းသာလမ်း အတိုင်း
မောင်းနှင်လာစဉ် (၅)ကွေ့မှတ်တိုင်အနီးအရောက် အမည်မသိအမျိုးသား (၂)ဦးမှ နောက်ဘက် (၂)မှတ်တိုင်ခန့်သို့ငှားသဖြင့် တင်ဆောင်ကာ ယာဉ်အားပြန်ကွေ့ပြီးမောင်းနှင်လာခဲ့ကြောင်း၊ ၁၀/တောင်(၁၃)ရပ်ကွက် အရောက်တွင် ၎င်းအမျိုးသားများမှ ခရေပင်လမ်းထဲသို့ ကွေ့ဝင်ကာ ရပ်တန့်ခိုင်းပြီး ဦးနိုင်ဦး၏မျက်နှာကို ပုဆိုးဖြင့်အုပ်ကာငွေတောင်းသဖြင့်
ငွေကျပ်(၂၆၀၀၀)ကိုပေးလိုက်ပြီးနောက် ကားတံခါးဖွင့်ကာ အနီးရှိ လက်ဖက်ရည်ဆိုင်သို့ဆင်းပြေးခဲ့ရကြောင်း၊ ၎င်းအမျိုးသားများမှ လိုက်လာပြီး ငွေ(၁၅၀၀၀)ကျပ်ရရန် ရှိကြောင်းပြောကာ လက်သီးဖြင့် ထိုးခဲ့ကြကြောင်း၊ ဦးနိုင်ဦး၏ဖုန်းအားတောင်းသဖြင့် SIM ကဒ်ဖြုတ်ကာ ဖုန်းဟန်းဆက်အားပေးလိုက်ရကြောင်း၊ ၎င်းအမျိုးသားများထိုးကြိတ် ခဲ့သဖြင့် နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ၀ဲနှုတ်ခမ်းနာကျင်၊ ဦးခေါင်းနာကျင် ဒဏ်ရာများရရှိခဲ့ကြောင်းကို ဦးနိုင်ဦးမှတိုင်တန်းခဲ့၍ သာကေတနယ်မြေ ရဲစခန်း (ပ)၁၅၈/၂၀၁၄၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police