ပျောက်ဆုံးလျက်ရှိသည့် မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်အား မြန်မာ့တပ်မတော်(ရေ)စစ်ရေယာဉ် ၃ စီးဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိ

ပို့စ်တင်ချိန် - 3/15/2014 05:35:00 PM



နေပြည်တော် မတ် ၁၅

မတ်လ (၇)ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ ဘေဂျင်းလေဆိပ်သို့ ပျံသန်းထွက်ခွာစဉ် လမ်းခရီး၌ ပျောက်ဆုံးသွားခဲ့သော မလေးရှား လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်အား မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် (၃)စီးဖြင့် ကပ္ပလီပင်လယ်ပြင် မြန်မာ့သီးသန့် စီးပွားရေးဇုန်အတွင်း၌ မလေးရှားနိုင်ငံရေတပ်၊ အိန္ဒိယနိုင်ငံရေတပ် တို့နှင့် ဆက်သွယ် ညှိနှိုင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မတ်(၁၅)ရက်မှ စတင် ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။

Ref : MOI Webportal Myanmar
Yangon Media Group