ဇနီးက ခင်ပွန်းအား လည်ပင်းညစ်သတ်

ပို့စ်တင်ချိန် - 3/15/2014 12:28:00 AM


၂၀၁၄ ခုနှစ် ၊ မတ်လ (၁၃) ရက်နေ့ ည (၈) နာရီ အချိန်  မြိတ်တောင် ကျေးရွာ အုပ်စု အင်းလေးကမ်းရပ် အောင်ဇမ္ဗူ (၄)လမ်းတွင် နေထိုင်သူ မမိုးအေး (ခ) တင်တင်မိုး (၃၇)နှစ် (ဘ) ဦးလှရွှေ ၊ ၄င်း၏ ခင်ပွန်းဖြစ်သူ မှတ်ကြီး(ခ) ကျော်နိုင် (၃၄)နှစ်၊ (ဘ) ဦးလှသိန်း ကျပန်း လုပ်ကိုင်သူ တို့သည် စကားများ ရန်ဖြစ်ကြပြီး နဘန်းလုံး သတ်ပုတ်ကြရာ မမိုးမိုးအေး(ခ) တင်တင်မိုးမှ ခင်ပွန်းဖြစ်သူ မှတ်ကြီး  (ခ) ကျော်နိုင်အား လည်ပင်းကို ညစ်ခဲ့သဖြင့် ကျော်နိုင်မှာ သတိမေ့သွားပြီး မြိတ်ဆေးရုံကြီးသို့ တင်ပို့ ကုသစဉ်  ရရှိသော ဒဏ်ရာများကြောင့် ည (၉)နာရီ (၄၅) မိနစ် အချိန်တွင် ကွယ်လွန် သွားခဲ့သည်။
 ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မြိတ်မြို့မ ရဲစခန်းက (ပ) ၁၉၁/၂၀၁၄ ၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

မြိတ်ပုလဲမြေ