သင်္ကြန်ကာလ အတွင်း ယာဉ်ကြော ပိတ်ဆို့ မှုဖြစ်ပွား စေသော ယာဉ်ရပ်နား မှုများကို ကရိန်း ဖြင့်ရှင်းလင်းမည်

ပို့စ်တင်ချိန် - 3/15/2014 05:48:00 PM




ယခုနှစ် သင်္ကြန်ကာလ အတွင်း လမ်းမ ပေါ် တွင် မော်တော်ယာဉ် များ စက်ချို့ယွင်း မှု ကြောင့် ရပ်နား ထား ခြင်းနှင့် အကြောင်း မဲ့ ရပ်နားခြင်းများ ကို ကရိန်းဖြင့် ဖယ်ရှား ရှင်း လင်းမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသ ကြီး၊ အ မှတ် (၂)ယာဉ် ထိန်းတပ်ဖွဲ့ မှူးရုံး မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ် က ပြောသည်။

အခုလက်ရှိ ယာဉ်မရပ်ရဘူးလို့ သတ် မှတ်ထားတဲ့နေရာကိုတော့ သင်္ကြန်ကာလအ တွင်းမှာ ပယ်ဖျက် ပေးပါ့မယ်။ ဒါပေမဲ့လမ်း ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်နား ထားတဲ့ ယာဉ်တွေကို ကရိန်းနဲ့ဆွဲ ပေးပါ့ မယ် ဟု ၎င်း က ပြောသည်။သင်္ကြန်ကာလအတွင်း လက်ရှိသတ် မှတ်ထားသော ယာဉ်မရပ်ရလမ်း (၆၇)လမ်း တွင် ရိန်းဖြင့် ဖမ်းဆီးအရေးယူခြင်းကို ရပ်နား ထားမည်ဖြစ်ပြီး သိမ်ဖြူ မီးပွိုင့်၊ ပါရမီလမ်းဆုံ၊ လှည်းတန်းအစ ရှိသ ည့် မြို့တွင်းအချက်အချာ ကျသော (၆) နေရာတွင် ကရိန်းများ အဆင်သင့်ထားရှိကာ ယာဉ်ကြော ပိတ် ဆို့ စေ မည့် ယာဉ်ရပ်တန့်မှုများကို ဖယ်ရှားသွားမည် ဖြစ်ကြောင်း သိရ သည်။ အဲဒီ ကရိန်းနဲ့ ဆွဲခံရတဲ့ကားရဲ့ ပိုင်ရှင် ကိုတော့ အရေးယူမှာ မဟုတ်ပါဘူး။ ကရိန်း ဆွဲခပဲပေးရမာပါ။ အဓိကကတော့ ယာဉ်ကြော ပိတ်ဆို့မှု တွေ ဖြစ်မှာစိုးလို့ပါ””ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။

လာမည့် သင်္ကြန်ကာလအတွင်း ယာဉ် ကြောပိတ်ဆို့မှုများ၊ ယာဉ်တိုက်မှုများ၊ အရက် သေစာ သောက် စား မောင်းနှင်မှုများကို ယာဉ် ထိန်းရဲတပ်ဖွဲ့ရုံးမှ ရဲတပ်ဖွဲ့အ၀င်အား အပြည့် ဖြင့် ရှင်းလင်းဆောင်ရွက် သွားမည် ဖြစ်ပြီး ညပိုင်းတွင်လည်း မူးယစ်မောင်းနှင်မှုများကို လည်း ပိတ်ဆို့စစ်ဆေးအရေးယူသွားမည်ဖြစ် ကြောင်း သိရ သည်။ မနှစ်က တပ်ဖွဲ့ဝင်တွေကို နှစ်ဆိုင်းခွဲ ပြီး အလှည်ကျတာဝန် ထမ်းဆောင်ခိုင်းပေ မယ့် ဒီနှစ်မှာ ကားတွေ ပိုများပြီး ယာဉ်ကြော ပိတ်ဆို့မှုတွေ၊ စည်းကမ်းမဲ့ မောင်းနှင်မှုတွေ ပိုဖြစ်နိုင်တာကြောင့် အင်အားအပြည့်သုံးသွား မှာပါ””ဟု ဒုရဲမှူးကြီး လင်းထွဋ်က The Messenger သတင်းစာသို့ ပြောသည်။

ပြီးခဲ့သည့် သင်္ကြန် ကာလများ အတွင်း ရေပက်ကစားရာမှ ယာဉ်တိုက်မှုဖြစ်ပွားနှုန်း များမှာ ၂၀၁၁ ခု နှစ်တွင် ခြောက်မှု၊ သေဆုံး သူ သုံးဦး၊ ဒဏ်ရာရသူ (၁၄)ဦး၊ ၂၀၁၂ ခုနှစ် တွင် ခုနစ်မှု၊ သေဆုံးမှု မရှိဘဲ ဒဏ်ရာ ရရှိသူ (၅၀)ဦး၊ ၂၀၁၃ ခုနှစ်တွင် နှစ်မှု၊ သေဆုံးသူ တစ်ဦး၊ ဒဏ်ရာရရှိ သူ တစ်ဦးရှိခဲ့ကြောင်း အမှတ်(၂)ယာဉ် ထိန်း ရဲတပ် ဖွဲ့မှူးရုံး၏ ထုတ် ပြန်ချက်အရ သိရသည်။

Messenger News Journal