အိုဘားမား တက္ကသိုလ် ကျောင်းသား ဘ၀က နေခဲ့တဲ့ အိမ်ကို တစ်ရက် ဒေါ်လာ (၁၃၅)နဲ့ ငှားရမ်း

ပို့စ်တင်ချိန် - 3/15/2014 09:34:00 PM


အမေရိကန် မှာ ထင်ရှား ကျော်ကြားတဲ့ သူတွေ နေထိုင် ခဲ့တဲ့ နေရာ ကို ပြန်လည် ငှားရမ်း ရာမှာ ထင် ထားတာ ထက် ပိုပြီး စိတ်ဝင်စား ခြင်းခံ နေရတယ် လို့ သိရပါတယ်။ လက်ရှိ အမေရိကန် သမ္မတ အဖြစ် တာ ၀န် ထမ်းဆောင် နေတဲ့ အိုဘားမား ဟာ ကျောင်းသား ဘ၀တုန်း က နယူးယောက်မြို့ မှာ နေထိုင် ခဲ့ဖူးပါတယ်။ အိုဘားမားဟာ ကိုလံဘီယာ တက္ကသိုလ်ကို တက်ရောက်စဉ် မှာ ကျဉ်းမြောင်း လှတဲ့ အခန်း ထဲမှာ ငှားရမ်း နေ ထိုင် သွားခဲ့တာဖြစ်ပါတယ်။ ဒီနေရာဟာ အခုချိန်မှာ တော့ ထင်ရှားတဲ့ နေရာ တစ်ခုဖြစ်ခဲ့ပြီး၊ ပြန်လည် ငှားရမ်း မှုတွေ ပြုလုပ်ခဲ့ရာ စာရင်းပေးထားသူပေါင်း (၁၀၀) ကျော်ရှိနေပြီလို့ သိရပါတယ်။ အိုဘားမား နေထိုင် သွားတဲ့ နေရာကို တစ်ရက်ဒေါ်လာ (၁၃၅)နဲ့ ငှားရမ်းခဲ့ပါတယ်။ တကယ်တော့ အမေရိကန် မှာ ဒီလိုငှားရမ်းခြင်း မျိုးဟာ အထူးအဆန်း မဟုတ်ဘဲ အရင်ကတည်း က ရှိခဲ့တာ ဖြစ်ပါတယ်။ ချာလီ ချက်ပလင် နေထိုင် ဖူး တဲ့ နေရာ ကို တစ်ရက်ဒေါ်လာ (၈၅)နဲ့ ငှားရမ်းခဲ့ဖူးပါတယ်။ အားကစား ပရိသတ်တွေ အတွက် အိုလံပစ် ချန်ပီယံ ရေခဲပြင် စကိတ်စီး သမားဘိုဒီမီလ်နာ နေထိုင်ခဲ့တဲ့ အိပ်ခန်း လေး ခန်းနဲ့ ရေချိုးခန်း သုံးခန်း ပါ အိမ်ကြီး ကို တစ်ရက် ဒေါ်လာ (၈၀၀)နဲ့ ငှားရမ်းခဲ့ဖူးပါတယ်။ အမေရိကန် က အကျိုးဆောင် ကုမ္ပဏီ တွေ ဟာ ထင်ရှား ကျော်ကြား သူတွေနေခဲ့တဲ့ နေရာ ကို ကျွမ်းကျင် ၀န်ထမ်းတွေနဲ့ ရှာဖွေ ခဲ့ပြီး၊ ကြော်ငြာမှု တွေကို ပြုလုပ် ကာ စည်းရုံး ဆွဲ ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ အမေရိကန်သမ္မတ တစ်ဦးဖြစ်ခဲ့ဖူးတဲ့ ဂျော့ဝါရှင်တန် (၁၈) ရာစု လောက်က ဗာဂျီးနီး ယားပြည်နယ်မှာ ခေတ္တ တည်းခိုခဲ့တဲ့ နေရာကိုလည်း တစ်ညကို ဒေါ်လာ (၁၀၀)နဲ့ ငှားရမ်းနေသလို Facebook တည်ထောင်သူ ဇူကာဘတ်ရဲ့ အိမ်နားမှာရှိတဲ့ အခန်းတစ်ခန်းရဲ့ ငှားရမ်းမှုက တစ်ညကို ဒေါ်လာ(၁၂၅) အထိ ရှိ တယ်လို့ သိရပါတယ်။

Messenger News Journal