ကျန်းမာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာထုတ်ပြန်

ပို့စ်တင်ချိန် - 3/15/2014 09:05:00 AM


နေပြည်တော် မတ် ၁၄

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ် ရေးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် (၅/၂၀၁၄)ကို မတ် ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကြော်ငြာစာတွင် လူအများမြင်သာသည့်နေရာ၌ ဆေးလိပ်သောက် ခွင့်မရှိသောနေရာကို ဖော်ညွှန်းသည့် “ဆေးလိပ်သောက်ခွင့်မရှိသော နေရာ”၊ “ဖောက်ဖျက်ပါက ဥပဒေအရ အပြစ်ပေးခြင်းခံရမည်” စသည့် စာတန်းအမှတ်အသားနှင့် ဆိုင်းဘုတ်ကို အလျား ၁၈ လက်မ၊ အနံ ၁၂လက်မအောက်မငယ်စေဘဲ အောက်ခံ အဖြူရောင်ပေါ်တွင် အနက် ရောင်ဖြင့် ထင်ရှားစွာရေးသားကာ မီးညှိထားသည့်စီးကရက် ဆေးလိပ် ပုံပါရှိသော စက်ဝိုင်းနှင့် ကန့်လန့်ဖြတ်မျဉ်းကို အနီရောင်ဖြင့် ခြယ်ရ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မည်သူမဆိုလိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အဆိုပါအမိန့်ကြော်ငြာစာအရ သိရှိရသည်။

MOI Webportal Myanmar