နတ်ဆရာများ အားကိုး ကာ လေယာဉ်ရှာ နေသည် ဟူသော စွပ်စွဲချက် ကို မလေးရှား အာဏာပိုင် များ ငြင်းဆို

ပို့စ်တင်ချိန် - 3/15/2014 06:03:00 PM



ပြီးခဲ့သည့် စနေနေ့ မနက်ပိုင်း ကတည်းက ပျောက်ဆုံး နေခဲ့ပြီး ယခု ထိတိုင် သဲလွန်စ ပင် မရသေးသော မလေးရှား လေကြောင်း လိုင်းပိုင် လေယာဉ် MH370 ပြန်တွေ့ရေး အတွက် မလေးရှား အာဏာပိုင် များသည် နတ်ဆရာ များ ကိုပါ အားကိုး နေသည် ဟူသော စွပ်စွဲချက် ကို သောကြာနေ့ တွင် မလေးရှား အာဏာပိုင် များ က ငြင်းဆို လိုက်သည်။ ကွာလာလမ်ပူ အပြည်ပြည် ဆိုင်ရာ လေဆိပ် (KLIA) တွင် မူဆလင် နတ်ဆရာ များ ဘာသာရေး အစီအမံ များ ပြုလုပ်ကာ လေယာဉ် ပျောက် တွေ့ရှိ ရေး ဆုတောင်းမှု များ ပြုလုပ် နေခြင်း ကို လည်း ရပ်ဆိုင်း ခိုင်း မည် ဖြစ်ကြောင်း အစိုးရ က ထုတ်ပြန် ပြော ကြား သည်။ နတ်ဆရာ အီဗရာ ဟင်မတ် ဇင်ဆို သူသည် ကွာလာလမ်ပူ လေဆိပ် တွင် ဘာသာ ရေး အစီအမံ များ ပြုလုပ် ကာ လေယာဉ် ပျောက် တည်နေရာ ကို အထက် ပုဂ်္ဂိုလ် များ ထံမှ တောင်းခံ နေသည့် ဓာတ်ပုံ များ၊ ဗီဒီယို ဖိုင် များ ယခု အပတ် အ တွင်း ဆိုရှယ် မီဒီယာ များပေါ် တက်လာ မှုကြောင့် အုတ်အော် သောင်း နင်း ဖြစ် ခဲ့ ရသည်။ ဗုဒ္ဓဟူး နေ့ တွင် အီဗရာဟင် သည် တပည့် သုံးဦး နှင့် အတူ ကွာလာလမ်ပူ လေဆိပ်၌ အုန်းသီးစိမ်း များ အပါ အ၀င် အခြား အဆောင် ပစ္စည်း များဖြင့် ဆုတောင်းမှု များ ပြုလုပ် ကာ လေယာဉ် ပျောက်၏ တည်နေရာ ကို သိနိုင် အောင် ကြိုးပမ်း ခဲ့ပုံ များ ဆိုရှယ် မီဒီယာ များ ပေါ် တက် လာခဲ့သည်။ ကွာလာလမ်ပူ လေဆိပ် တွင် နတ် ဆရာ များ လာရောက် ဆုတောင်းမှု များ ပြုလုပ်နေ ခြင်း သည် ၎င်း တို့၏ ယုံကြည် မှု အလျောက် ဆောင်ရွက်ခြင်း သာ ဖြစ် ပြီး အစိုးရ နှင့် မည် သို့မျှ မပတ်သက် ကြောင်း မလေးရှား အစိုးရ က ထုတ်ပြန် ပြောကြား လိုက်သည်။

Messenger News Journal