ကျန်းမာရေးကိုအထောက်အကူပြုသော လူနေမှုစနစ်

ပို့စ်တင်ချိန် - 3/15/2014 08:31:00 AM


မိမိတို့ဘဝတိုးတက်ဖို့၊ မိမိတို့၏ကျန်းမာရေး ပိုမို ကောင်းမွန်လာဖို့၊ ကောင်းသထက်ကောင်း မွန်တဲ့စီမံမှုတွေ၊ အာဟာရတွေ၊ ဆေး တွေ၊ နေထိုင်မှုပုံစံသစ်တွေနဲ့ နေခဲ့ကြ တယ်။ ပိုမိုကောင်းမွန်တဲ့နေထိုင်မှုစနစ် သစ် (၆)ခု ဖော်ပြလိုက်ပါတယ်။

(၁) ကော်ဖီသောက်ပါ။

ကော်ဖီတစ်ခွက်နေ့စဉ်သောက် ရင် ဦးခေါင်းပိုင်းနဲ့လည်ပင်းတစ်လျှောက် ကင်ဆာဖြစ်ခြင်းမှကာကွယ်တယ်။ လေ့ လာမှု (၁ဝ)ခုအရ ကော်ဖီ၊ လက်ဖက်ရည် သောက်သူများဟာ မသောက်သူများ ထက် ကင်ဆာဖြစ်နိုင်ခြေနည်းတာကို တွေ့ရတယ်။

(၂) ပင်လယ်ငါးစားပါ။

လူများဟာ ပင်လယ်ငါးစား ခြင်းဖြင့် အိုမီဂါ (၃)၊ အိုမီဂါ (၆)နဲ့ ဖော လစ်အက်စစ်တို့ရရှိတယ်။ ပင်လယ်ငါး ကို တစ်ပတ်မှာ နှစ်ကြိမ်ထက်ပိုစားသင့် တယ်။ အထူးသဖြင့် အမြင်အာရုံ၊ အ ကြားအာရုံတိုးတက်စေရာမှာ ၅၈ ရာ ခိုင်နှုန်းက ကြားမှုစွမ်းရည်ပိုကောင်းစေ တယ်။ ငါးကြီးဆီမှာပါတဲ့ ဗီတာမင်အေ က အမြင်အာရုံကောင်းစေတယ်။

(၃) စာရေးသားခြင်း။

နေ့စဉ် ဒိုင်ယာရီရေးသူဟာ အချိန်ကိုအကျိုးရှိရှိ သုံးနိုင်တာတွေ့ရ တယ်။ အထူးသဖြင့် ဂနာမငြိမ်ရောဂါ မှာ လူတို့ထင်သလို၊ တွေးသလို၊ ရည်ရွယ် ချက်၊ ထင်မြင်ချက်ခံစားမှုတို့မှာ မသက် မသာမဖြစ်စေဘူး။ အချိန်မိနစ် ၃ဝ တစ်ခု စာ စာရေးကြည့်ပါ။ တစ်ပတ်နှစ်ကြိမ် လောက် မှတ်တမ်းရေးပါ။ အချိန်ကိုအ ကျိုးရှိရှိ သုံးလာနိုင်တာတွေ့ရမယ်။

(၄) အားကစားလုပ်ပါ။

နေ့စဉ်နာရီဝက်အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ် ပါ။ ပိုလျှံတဲ့ကယ်လိုရီလောင်ကျွမ်းစေလို့ အဆီဖြစ်ခြင်းမှ ကာကွယ်ပေးကာ၊ အဝလွန်ခြင်းကိုတားဆီးပေးတယ်။ အ မေရိကန်ကင်ဆာအဖွဲ့တစ်ခုက အချိန် များများအားကစားနည်းပြလုပ်သူဟာ မလုပ်သူ အမျိုးသမီးများထက် ရာခိုင်နှုန်း ၄ဝ ကင်ဆာဖြစ်မှုလျော့နည်းစေကြောင်း တွေ့ရတယ်။ အားကစားမလုပ်တဲ့ အ မျိုးသားများဟာ သေဆုံးမှု ၁၈ ရာခိုင် နှုန်းမြင့်တက်စေတယ်လို့ဆိုတယ်။

(၅) ဈေးကြီးတဲ့ဆေးများ ရှောင်ပါ။

ဈေးကြီးတဲ့ဆီးရွှင်ဆေးဟာ သွေးပေါင်ချိန် လျော့နည်းစေတယ်။ သွေး ပေါင်မြင့်သူများကို ပေးတယ်။ လေ့လာ မှုအရ အခြားသွေးပေါင်ထိန်းဆေးများနဲ့ သွေးတိုးကို ထိန်းသင့်တယ်လို့ဆိုတယ်။ အားဆေးတန်ဖိုးကြီးကြီးဝယ်စားမယ့် အစား အစာအာဟာရနဲ့ လေ့ကျင့်ခန်း (အားကစား)ကို လုံလောက်စွာရယူသင့် တယ်လို့ဆိုတယ်။

(၆) စိတ်ဓာတ်မြှင့်ပါ။

လေ့လာမှုတစ်ခုအရ စိတ် ဓာတ်ကျဆင်းသူဟာ ကြာရင် ဦးနှောက် ကျုံ့သွားတယ်။ အဲဒီကနေ စိတ်ဓာတ် မကျအောင် ကိုယ့်ဘာသာမြှင့်တင်သင့် တယ်။ လူမှုဆက်ဆံရေးအသိုင်းအဝိုင်း နဲ့ဝင်ဆံ့ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝလူနေမှု စနစ်အတွင်း စိတ်ထားမြင့်မြတ်အောင် ကျွမ်းကျင်သူ၊ ဆရာဝန်၊ ပညာရှင်များ ရဲ့အကူအညီနဲ့ ကုစားသွားသင့်တယ် လို့ဆိုတယ်။

ဒေါက်တာလွင်သန့် (ဆေး-၂)
Ref: Reader’s Digest

The Flower News Journal

Vol-10 , No.11