အရှိန်မထိန်းနိုင်ဘဲ အခြားယာဉ်အား ၀င်ရောက်တိုက်မိခဲ့သည့် ယာဉ်မောင်း သေဆုံး

ပို့စ်တင်ချိန် - 3/15/2014 12:09:00 AM


ရန်ကုန်၊ မတ် ၁၄

၁၄.၃.၂၀၁၄ရက်နေ့ ၀၂၀၀အချိန်ခန့်တွင် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး မိုင်တိုင် အမှတ်(၁၆/၇)အနီး ပန်တိုင်ကျေးရွာထိပ်တွင် အနောက်မှ အရှေ့သို (ဟင်္သာတဘက်မှ ရန်ကုန်ဘက်)သို့ ယာဉ်မောင်း ဟိန်းသူ မောင်းနှင်လာသည့် ည/---- (၆)ဘီး ကုန်တင်ယာဉ်၏ ၀ဲဘက် နောက်ဘီးနေရာအား လားရာတူအတိုင်း ဟင်္သာတမြို့နယ်နေ ယာဉ်မောင်း အောင်ကျော်ဇော မောင်းနှင်သည့် ၁ခ/----(၆)ဘီးကုန်တင် ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက် တိုက်မိသဖြင့် ၁ခ/---ယာဉ်၏ ဦးခေါင်းပိုင်းပျက်စီးပြီး ယာဉ်မောင်းဖြစ်သူအောင်ကျော်ဇောတွင် ၀ဲပေါင်ပေါက်ပြဲ၊၀ဲလက်ပြင်ဖူးရောင်၊၀ဲခြေချင်းဝတ်ကျိုး၊၀ဲမျက်လုံးပေါက်ပြဲ
သွေးထွက်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့
ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအောင်ကျော်ဇော (သေဆုံး)အားထန်းတပင်မြို့နယ်၊တက်သစ်နယ်မြေရဲစခန်း(ပ)၂၄/၂၀၁၄၊ ပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police