အများပြည်သူကြား ဆေးလိပ်မသောက်ဖို့ ကျန်းမာရေးအမိန့်ကြော်ငြာစာထုတ်

ပို့စ်တင်ချိန် - 3/15/2014 02:43:00 PM

ဒေါက်တာ တင့်​ဆွေ (ဓာတ်ပုံ - ဒီဗွီဘီ)

အများပြည်သူကြားထဲ ဆေးလိပ်မသောက်ဖို့ သတိပေးစာကို ထင်ထင်ရှားရှား ကပ်ထားမှာဖြစ်ပြီး မလိုက်နာရင် ဥပဒေနဲ့အညီ အရေးယူအပြစ်ပေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၃ ရက်ရက်စွဲနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ပြန်ဋ္ဌာန်းခဲ့ပြီး ၇ နှစ်လောက် အကြာမှာမှ ကျန်းမာရေးဝန်ကြီးဌာနက အခုလို အမိန့်ကြော်ငြာစာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
အခုလို အမိန့်ကြော်ငြာစာထုတ်ရုံနဲ့ လုံလောက်ပါဘီလား။

အိန္ဒိယနိုင်ငံမှာ ယမုံနာဆေးခန်းဖွင့်ထားပြီး မြန်မာဒုက္ခသည်တွေကို ဆေးဝါးကုသပေးနေတဲ့ ဒေါက်တာတင့်ဆွေကတော့ မြန်မာ့လူမှုဘ၀တွေအတွင်း မျိုးဆက်ပေါင်းများစွာ လက်လွတ်စပယ် လုပ်တတ်တဲ့ ဓလေ့ဆိုးတွေ မွေးထုတ်ပေးခဲ့တဲ့ မြန်မာအစိုးရအဆက်ဆက်မှာ တာဝန်ရှိတယ်လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေကို ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင် နားဆင်ရန်

DVB Burmese