Endometrial hyperplasia သားအိမ်ထူခြင်း

ပို့စ်တင်ချိန် - 3/15/2014 12:57:00 PM


သမီးကို OG က အမ်ထွာဆောင်း ရိုက်ဖို့တယ် အဖြေမှာ Endometrial wall thickness = 7.6mm ဖြစ်လို့ သားအိမ်ထူတယ်တဲ့။ သားအိမ်ခြစ်မှကလေးရနိင်မယ်တဲ့။ မခြစ်ဘဲနဲ့ဆေးတွေဘာတွေသောက်လို့ရလားဆိုတော့မရဘူးတဲ့။ သားအိမ်ခြစ်ခြင်းရဲကောင်းကျိုးဆိုးကျိုးကိုလည်းရှင်းပြပါပေးပါဆရာ။ ခြစ်သင့် မခြစ်သင့် အကြံပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။

Endometrial hyperplasia သားအိမ်အတွင်းဆုံးလွှာထူနေခြင်းဟာ ပုံမှန်မဟုတ်ပါ။ သူ့မှာရှိတဲ့ (ဂလင်း) ခေါ်အိတ်တွေက ရှိသင့်တာထက် များနေမယ်။ အရွယ်ရောက်စမျန်းကလေးတွေမှာနဲ့ သွေးဆုံးကာနီ အမျိုးသမီးကြီးတွေမှာ ဖြစ်ကြတယ်။ များသောအားဖြင့် အန္တရာယ်မဖြစ်စေပါ။

အနုကြည့်မှန်ဘီလူးနဲ့စစ်ဆေးရင် ပုံမှန်မဟုတ်တဲ့ဆဲလ်တွေရဲ့ နူကလီယပ်စ်တွေက မူမှန်မဟုတ်တာတွေ့နိုင်တယ်။ Atypical adenomatous hyperplasia ဖြစ်နေရင်တော့ ကင်ဆာမဖြစ်ခင်အဆင့်လို့သတ်မှတ်တယ်။ endometrial cancer သားအိမ်ကင်ဆာကိုပြောင်းလာတတ်တယ်။ ဒါပေမဲ့ ဟော်မုန်းဆေးနဲ့ ခွဲစိတ်ကုသမှုတွေကနေ ကင်ဆာကို တားနိုင်တာများတယ်။

ဘာလို့ဖြစ်ပါသလဲ
• Estrogen (အီစထိုဂျင်) ဟော်မုန်းများနေခြင်း၊ အသက်မကြီးသေးသူတွေမှာဖြစ်တယ်။
• Estrogen replacement therapy သွေးဆုံးသူတွေကို ကုသပေးတဲ့ (အီစထိုဂျင်) ဟော်မုန်းကို Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းနဲ့ ထိန်ညှိတာလိုခြင်း၊
• ရာသီပေါ်စမိန်းကလေး၊ Irregular menstrual cycles ရာသီမမှန်တဲ့အမျိုးသမီး။

ဘာတွေခံစားရမလဲ
• Vaginal bleeding ကြားရက်သွေးဆင်းခြင်း၊ သွေးဆုံးပြီးနောက်သွေးပြန်ဆင်းခြင်း၊
• Heavy menstrual bleeding ရာသီဆင်းသွေးများခြင်း၊
• Periods that last longer than usual ရာသီဆင်းနေတဲ့ရက်ရှည်ခြင်း၊
• Pain during sexual intercourse အတူနေရင် မနာစင့်ဘဲနာခြင်း၊
• Amenorrhea (ကိုယ်ဝန်မရှိဘဲ) ရာသီမလာခြင်း၊
• Anovulatory periods ရာသီလာပေမဲ့ မျိုးဥမထွက်ခြင်း။

ဘယ်လိုကာကွယ်မလဲ
• ဖြစ်ချင်တာကိုတော့ ကာကွယလို့မရပါ။ ဒါပေမဲ့ ထူးခြားမှုလို့သံသယရှိအမျိုးသမီးတိုင်း စစ်ဆေးမှုခံယူသင့်တယ်။
• သွေးဆုံးသူကို လိုအပ်လို့ ဟော်မုန်းအစားထိုးပေးရင် Progestational agent ကိုပါရောပေးသင့်တယ်။
• ကိုယ်အလေးချိန်များနေသူတွေက လျှော့ချသင့်တယ်။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်သင့်တယ်။
• ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ကိုသာ စားသောက်ပါ။

ဘယ်လိုလုပ်ရင် ရောဂါရှိတာသိမလဲ
• Pap smear သားအိမ်အဝကို ကင်ဆာအတွက်စစ်ဆေးတာလုပ်သင့်တယ်။ (စာတပုဒ်ရေးထားပါတယ်။)
• Biopsy of endometrial tissue သားအိမ်အတွင်းဆုံးလွှာကို ဖြစ်ယူစစ်ဆေးခြင်း၊
• Dilatation and curettage (D&C) သားအိမ်အဝကို ချဲ့ပြီး ခြစ်ခြင်း၊
• Ultrasound အာလ်ထွာဆောင်းရိုက်သင့်တယ်၊
• Hysteroscopy ကိရိယာနဲ့စစ်ဆေးခြင်း၊

ဘယ်လိုကုသမလဲ
• D&C သားအိမ်အဝကို ချဲ့ပြီး ခြစ်ခြင်း၊
• သွေးဆုံးအမျိုးသမီးတွေကို ဟော်မုန်းပေးတာမှာ Progestational agent ရောပေးပါ။
• သွေးမဆုံးသေတဲ့အမျိုးသမီးကို Oral contraceptives ကိုယ်ဝန်တားစားဆေးဖြစ်ဖြစ် Depo-Provera (Progestational agent) ကိုယ်ဝန်တားထိုးဆေး ထိုးပေးခြင်း၊ ဘယ်နှစ်ကြိမ်ထိုးမလဲဆိုတာ တဦးချင်းကို ကြည့်ရတယ်။
• Hysterectomy သားအိမ်ထုတ်ခြင်း၊

ဒေါက်တာ တင့်ဆွေ
၁၅-၃-၂ဝ၁၄