အင်းတော်ကြီးဘုရားပွဲ နောက်ဆုံးနေ့ မီးလောင်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 3/15/2014 09:31:00 PM


၂၀၁၄ ၊ မတ်လ ၁၅ ရက်

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) ၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အင်းတော်ကြီး ရွှေမဉ္ဖူရေလယ်ဘုရားပွဲတွင် ဘုရားပွဲတော် နောက်ဆုံးနေ့ဖြစ်သော ၂၀၁၄ ၊ မတ်လ ၁၅ ရက်နေ့ (၁၂း၅၀) မိနစ်အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အင်းတော်ကြီးဘုရားပွဲ နောက်ဆုံးနေ့တွင် မီးလောင်မှုကြောင့် ဘုရားပွဲကာလအတွင်း ယာယီဆောက်လုပ်ထားသည့် တည်းခိုဆောင် ၉ ဆောင်နှင့် ဈေးဆိုင်ခန်း နှစ်ခန်းတွဲ ၂ တွဲ၊ ကာလခန့်မှန်းတန်ကြေး ငွေကျပ်သိန်း (၁၅၀)ခန့် ဆုံးရှုံးခဲ့တယ်လို့ အင်းတော်ကြီးဘုရားပွဲတော်သို့ ရောက်ရှိနေတဲ့ မိုးညှင်းမြို့မှ မောင်အောင်ပြေငြိမ်းဦးက ပြောဆိုသည်။

အဆိုပါ မီးလောင်မှုသည် ယာယီဆောက်လုပ်ထားသည့် တည်းခိုဆောင်မှ စတင်လောင်ကြွမ်းခဲ့တာဖြစ်ပြီး လေတိုက်နေသည့်အတွက် (၁၀)မိနစ်ခန့်အတွင်း အခုလို တည်းခိုးဆောင် ၉ ဆောင်နဲ့ ဈေးဆိုင်ခန်း ၂ ခန်း မီးလောင်သွားခဲ့ပေမယ့် ဘုရားပွဲလာ ပရိတ်သတ်တွေကိုတော့ ဒဏ်ရာ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း မောင်အောင်ပြေငြိမ်းဦးကပဲ ဆက်လက်ပြောဆိုသည်။

မိုးညှင်းမြို့နယ် အင်းတော်ကြီး ရွှေမဉ္ဖူရေလယ်ဘုရားပွဲတော်ကို အင်းတော်ကြီးဒေသရှိ ကျေးရွာပေါင်း ၃၁ ရွာက တိုင်းလျန်ရှမ်းလူမျိုးများနှင့် အနယ်နယ်အရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင် မိဘပြည်သူများက နှစ်စဉ် တပေါင်းလဆန်း(၈) ရက်နေ့မှ (၁၅)ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြတာလည်း ဖြစ်သည်။

ဧရာဝတီမြစ်ဖျားဆီက