အရှင်ဇနကအား ဖမ်းဆီးရိုက်နှက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာတော်များ၏ မိန့်ကြားချက်

ပို့စ်တင်ချိန် - 3/15/2014 12:20:00 AM



ဦးပါမောက္ခ (မကွေးကျောင်းတိုက်ဆရာတော်)

““ ဒါဟာ ဗုဒ္ဓဘာသာတွေရဲ့ အထွတ်အမြတ်ထားရာ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးထဲက သံဃာတော်ကို အဲဒီလို နှိပ်စက်ခြင်းသည် နှိပ်စက်တဲ့ ပုဂ္ဂိုလ်က မကောင်းဘူးပေါ့နော်။ မိမိတို့ရဲ့ ဘာသာရေး ခေါင်းဆောင်ရဟန်း သံဃာတော်များကို ဘာသာဝင်ဖြစ်တဲ့ လုံထိန်းများက ထိုကဲ့သို့ လုပ်ခြင်းသည်၊ ထိုကဲ့သို့ ရဟန်းတစ်ပါးကို သွေးခြေဥအောင်လုပ်ခြင်းသည်၊ ရိုက်ပုတ်ညှဉ်းဆဲတဲ့ အနေအထားမျိုးသည် မိမိတို့ရဲ့ ပုဂ္ဂိုလ်ရေး ဆန္ဒအရပဲလား၊ မိမိတို့ရဲ့အထက်က ပုဂ္ဂိုလ်တွေ အမိန့်ပေးနေတာမျိုးပဲလား။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလတုန်းကလည်းပဲ ရဟန်းတော်တွေကို သတ်ဖြတ်ညှဉ်းဆဲ ထောင်ချပြီးတော့ စစ်အာဏာရှင် စနစ်ဆိုးကြီးက န၀တ၊ နအဖက ယခု တစ်ခါလည်း အဲဒီလို အသွင်မျိုး ပြန်ပြီးတော့ ရဟန်းသံဃာကို ညှဉ်းဆဲ နှိပ်စက်ခြင်းကို ဘုန်းကြီးတို့က ရှုတ်ချတယ်။ အာဏာရှင် စနစ်အတိုင်းပဲ သွားနေတယ်လို့ သုံးသပ်မိတယ်။ ထိုပုဂ္ဂိုလ်တွေရဲ့ သွားရာလမ်းက အ၀ီစိငရဲကို ဇောက်ထိုးကျမယ့် ပုဂ္ဂိုလ်တွေပဲ””

ဦးဝီရသူ (မစိုးရိမ်တိုက်သစ်)

““ရဲတွေရဲ့ အလွန်ပေါ့ဗျာ။ ဒီ ကိစ္စကို ကြီးကျယ်မသွားအောင် ပြန်တောင်းပန်မှ ပြေလည်မှာပါ။ တကယ်လို့ ပြန်မတောင်းပန်ဘူးဆိုလို့ရှိရင် ဒုတိယလက်ပံတောင်းလို ဖြစ်သွားမယ်။ ဒုတိယရွှေဝါရောင်လို ဖြစ်သွားမယ်။ တာဝန်ရှိတဲ့ အကြီးအကဲကနေ တာဝန်ယူပြီးတော့ ဒီကိစ္စကို အကောင်းဆုံး ဖြေရှင်းပေးပါလို့ ပြောချင်တယ်။ ကိုယ်ထိလက်ရောက် ကျူးလွန်မိတာ၊ ပြစ်မှားမိတာကို ၀န်ချတောင်းပန်ရင် ကျေအေးပေးလို့ ရတာပေါ့။ ၀န်ချ တောင်းပန်မှု မပြုဘူးဆိုရင် သူ့ကို တစ်နည်းနည်းနဲ့ ဒဏ်ခတ်လို့ရတာပေါ့။ သံဃာတစ်ပါးကို စော်ကားတဲ့ ကံကတော့ ကြီးလေးတဲ့ ကံငါးပါးထဲမှာ ပါတယ်။ သူက ရဟန်းတစ်ပါးကို၊ ဘုန်းကြီးတစ်ပါးကို ပစ်မှားတာကိုး””

ဆက်စပ်သတင်း >>> အုံတုံပင်ကျေးရွာ ပဋိပက္ခတွင် ရရှိခဲ့သော ဒဏ်ရာများကြောင့် ဆရာတော် ဦးဇနက အား မုံရွာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသနေရ

Myanmar Thandawsint Newspaper