တရားမ၀င်နွား(၄၅)ကောင်သယ်ယူမှု ထောင်ဒဏ်(၆)လ ဒဏ်ငွေ (၂)သောင်းရိုက်

ပို့စ်တင်ချိန် - 3/15/2014 01:30:00 PM


နွားထိုးကြီးမြို့နယ်တရားရုံး တွင် ရာကြီးမှုအမှတ် ၃၆၂/၂၀၁၃  ဖြင့် တရားစွဲဆိုသော နွား(၄၅) ကောင်ကို တရားမ၀င်သယ်ယူ သော ကား(၂)စီးပါအမှုကို အရေးကြီးကုန်ပစ္စည်းဆောင်ရွက်မှု ဆိုင်ရာ ဥပဒေပုဒ်မ(၅)ဖြင့် တရားခံ ထွန်းရွှေပါ(၃)ဦးကို ထောင်ဒဏ်(၆)လစီကျခံရမည့် အပြင် ဒဏ်ငွေကျပ်(၂)သောင်းစီ ပေးဆောင်ရန်အပြစ်ပေးလိုက် သည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်တစ်လစီကျခံရမည် ဟု ၂၀၁၃၊ အောက်တိုဘာ (၁၈) ရက်က စီရင်ချက်ချခဲ့သည်။

သယ်ယူနွားများနှင့် ကား (၂)စီးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ကြောင်း သိရ သည်။

အမှုမှာ မြင်းခြံ-မန္တလေး ကားလမ်းတွင် မြင်းခြံမှနွား(၄၅) ကောင်ကို ကား(၂)စီးဖြင့် သက် ဆိုင်ရာ၏ သယ်ယူခွင့်အမိန့်မပါ ပဲ သယ်ယူစဉ် နွားထိုးကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကဖမ်းဆီး ရုံးတင်တရားစွဲဆိုမှုဖြစ်သည်။ တရားစွဲဆိုစဉ် နွား(၃)ကောင် သေဆုံးခဲ့သည်ဆိုသည်။

ဋ္ဌေးမြင့်မောင်
BY HOTNEWS