ဆံပင် ပိဿသာချိန် (၅၀၀၀) ပါဝင် သည့် အကြီးဆုံး တံတားကို ယခုလ တွင် ဖွင့်လှစ်သွားမည်

ပို့စ်တင်ချိန် - 3/15/2014 08:30:00 AM


ယင်းမာပင် ခရိုင်၊ ယင်းမာပင် မြို့နယ် တွင် ရွှေဆံပင် ဆရာတော်ကြီး မှ ကြီးမှူး ၍ လမ်းပန်း ဆက် သွယ်ရေး ကောင်းမွန် စေရေး အတွက် တံတား များ အဆက် မပြတ် တည်ဆောက် ခဲ့ရာ တွင် ယခု အခါ ဆံပင်ပိဿာချိန် (၅၀၀၀) ပါဝင် မည့် ရွှေမေတ္တာ တံတား ဖွင့်ပွဲ ကို ယခုလ (၂၄) ရက် နေ့ တွင် ပြုလုပ် သွား မည် ဖြစ်ကြောင်း ရွှေဆံပင် တံတား ဆောက် လုပ်ရေး ဂေါပက ရုံးမှ The Messenger သတင်းစာ သို့ ပြော သည်။

အဆိုပါ ရွှေမေတ္တာတံတားကြီးသည် ရွေဆံပင် ဆရာတော် တည်ဆောက်ခဲ့သည့် တံတားများ အနက် အကြီးဆုံး တံတားတစ်စင်း ဖြစ်ပြီး၊ မြန်မာ နိုင်ငံ အရပ်ရပ်မှ အလှူရှင် များ လှူဒါန်းသည့် ဆံပင်ပိဿာချိန် (၅၀၀၀) ပါဝင် သည့် တံတားဖြစ်ကြောင်းလည်း သိရသည်။ ယခုလ (၂၄) ရက်နေ့မှာ တံတား အောင်ပွဲလုပ်ပြီး ဖွင့်လှစ်သွားမယ်။ခရီးသွား ပြည်သူ သီးသန့် တော့ သွားလို့ ရတယ်။ကား ကြီး ကားငယ်တွေကတော့ မရသေး ဘူး။ တံတား အရည်အသွေး (၉၀) ရာခိုင်နှုန်း လောက်ပဲ ပြီးစီးနေသေးတယ်။သင်္ကြန်မ တိုင်ခင်တော့ အား လုံး ပြီးအောင် လုပ်သွား မယ်””ဟု ရွှေဆံပင်ဆရာတော် ဦးဝေပုလ္လက မိန့်ကြားခဲ့သည်။ အဆိုပါ ရွှေမေတ္တာ တံတားသည် သံကူ ကွန်ကရစ်တံတားအမျိုးအစား တစ်ခုဖြစ်ပြီး၊ အလျားပေ (၅၅၀) အနံပေ (၂၂) ပေ ရှိပြီး၊ တည်ဆောက်ခဲ့ပြီးသည့် တံတားများအနက် (၂၁) စင်းမြောက်ဖြစ်သလို အကြီးဆုံးတံတား တစ်စင်းလည်း ဖြစ် ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ဆံပင်ပိဿာချိန် (၅၀၀၀) ပါဝင်မည့် ရွှေမေတ္တာ တံတားကြီး သည် ယင်းမာပင်မြို့ နယ် ပုထိုးသာ ကျေး ရွာနှင့် ရင်ဘောင်တိုင် ကျေးရွာတို့ကြားရှိ ယမားချောင်းကို ဖြတ်ကာ တည်ဆောက် ထားသည့် တံတား တစ်စင်း ဖြစ်ပြီး၊ ယင်းတံတားကြီးပြီးစီးသွားပါကမြို့နယ် နှစ်ခုရှိ ကျေးရွာပေါင်း (၆၀) ကျော်မှ ဒေသခံ များ အလွယ်တကူ သွားလာနိုင်မည်ဖြစ် ကြောင်း သိရသည်။

Credit:  Messenger News Journal