နေအိမ်တံခါးများမပျက်စီးဘဲ ငွေကျပ်သိန်း(၆၀၀)ပျောက်ဆုံးခဲ့သည့်အမှုမှ တရားခံအားဖေါ်ထုတ်

ပို့စ်တင်ချိန် - 3/15/2014 08:02:00 PM


ရန်ကုန်၊ မတ် ၁၅

တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်နေ ဒေါ်စန္ဒာသည် စီးပွားရေးအတူ
လုပ်ကိုင်သူ ဗြူတီးဆလွန်းဆိုင်ပိုင်ရှင် အငယ်လေး(ခ)မခင်သန္တာစောမှ ၆.၃.၂၀၁၄ရက်က အကြွေးဆပ်ထားသော ငွေကျပ် သိန်း(၆၀၀)အား
နေအိမ်အိပ်ခန်းကုတင်ပေါ်တွင် ကြွပ်ကြွပ်အိတ်များဖြင့်ထည့်၍ စုပုံထားပြီး ၁၃.၃.၂၀၁၄ရက်နေ့ နံနက်တွင် နေအိမ်အားသော့ခတ်ကာ မိသားစုနှင့်
အတူ တာမွေကမ္ဘောဇဘဏ်ခွဲသို့ အငယ်လေး(ခ)မခင်သန္တာစော
ပေးထားသည့် ချက်လက်မှတ်ဖြင့် ငွေများသွားရောက်ထုတ်ယူရာ အငယ်လေး(ခ)မခင်သန္တာစော၏ ဘဏ်အကောင့်၌ ငွေကုန်နေသဖြင့် ထုတ်မရခဲ့၍ နေအိမ်သို့ ပြန်လာရောက်ရှိသည့်အခါ နေအိမ်တံခါးသော့များ
မှာပျက်စီးမှုမရှိဘဲ အိပ်ခန်းကုတင်ပေါ်တွင်ထားခဲ့သည့် ငွေကျပ်
သိန်း(၆၀၀)မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူ
ပေးပါရန်တိုင်တန်းခဲ့၍ တာမွေမြို့မရဲစခန်း (ပ)၁၃၄/၂၀၁၄၊ ပုဒ်မ၃၈၀ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များ၊ မှုခင်းအကူဌာနမှတပ်ဖွဲ့ဝင်များ၊ ခရိုင်အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အသေးစိတ်စုံစမ်းစစ်ဆေး
မှုများဆောင်ရွက်ခဲ့ရာ အငယ်လေး(ခ)မခင်သန္တာစောမှ အခင်းဖြစ်နေ့က
ဒေါ်စန္ဒာတို့မိသားစုမရှိခိုက်တွင် ငွေများအား ၀င်ရောက်ခိုးယူခဲ့ခြင်း
ဖြစ်ကြောင်း၊ နေအိမ်သော့တွဲအား ယခင်ရက်ကပင် ခိုးယူထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံငွေများကို ပြန်လည်သိမ်းဆည်းခဲ့ပြီး အငယ်လေး (ခ)မခင်သန္တာစော (ဘ)ဦးခင်မောင်လတ်အား အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police