ပန်းသီး၏ ခြေလှမ်းသစ် iPhone Air

ပို့စ်တင်ချိန် - 3/15/2014 11:01:00 AM


ကမ္ဘာ့နာမည်ကြီးမိုဘိုင်းလုပ်ငန်းစု ပန်းသီး (Apple) သည် ၎င်း၏နည်း ပညာများကို အခြားသူများထက် ပိုမိုကောင်းမွန်ရန် အမြဲကြိုးစားအားထုတ် လျက်ရှိသည်။ လက်ရှိကာလ မိုဘိုင်းဈေးကွက်ငြိမ်သက်နေချိန်၌ အဆိုပါ မိုဘိုင်း လုပ်ငန်းစုမှ ၎င်း၏ နည်းပညာသစ် iPhone Air အား နည်းပညာစာမျက်နှာများတွင် ရုပ်သံမှတ်တမ်းများဖြင့် မိတ်ဆက်ပေးလိုက်သည်။ အဆိုပါ iPhone Air ကို ပန်းသီး (Apple) မှ မိုဘိုင်းဒီဇိုင်နာ Sam Beckett မှ ဒီဇိုင်းဖန်တီးပေး ထားခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ iPhone Air ၏ ထူးခြားချက်မှာ ၎င်း ၏ထိတွေ့မျက်နှာပြင်ဖန်သားကို နီလာသွေးသလင်း ကျောက်တစ်မျိုးအား ကုန်ကြမ်းအဖြစ် အသုံးပြုသွားမည်ဟု ပန်းသီး၏ စာမျက်နှာများတွင် တွေ့ရှိရသည်။ အဆိုပါကုန်ကြမ်းအား အသုံးပြုခြင်းဖြင့် ထိတွေ့မျက်နှာပြင်အရည် အသွေးနှင့် ရုပ်ထွက်ပိုင်းဆိုင်ရာ အရည်အသွေး အထူးကောင်းမွန်လာနိုင်သည် ဟု သိရသည်။

မျက်နှာပြင်အကျယ် ၄ ဒသမ ၇ လက်မရှိပြီး ယခင်ထုတ်လုပ်ပြီးဖြစ်သော ပန်းသီးဖုန်းများထက် ပိုမိုပါးလွှာနိုင်ဖွယ်ရှိသည်ဟု သိရသည်။ ကင်မရာ အရည်အသွေး 10 MP ရှိနိုင်ပြီး ယခင်ထုတ်လုပ်ရောင်းချပြီးသော ပန်းသီးဖုန်းများထက် ပိုမိုကောင်းမွန်လာနိုင်ကြောင်း နည်းပညာစာမျက်နှာများတွင် တွေ့ရသည်။ အဆိုပါ iPhone Air ကိုလာမည့် စက်တင်ဘာလတွင် မြင်တွေ့ ခွင့်ရနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။ ၎င်း iPhone Air ကို iPhone 6 အဖြစ်လည်း ထွက်ရှိလာဖွယ်ရှိပြီး Hybrid နည်းပညာလည်း ပါဝင်မည်ဟု သိရသည်။

TIKILA
The Mirror Daily