တပ်မတော်ကို စိန်ခေါ်ပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ကော်မရှင်သတိပေး

ပို့စ်တင်ချိန် - 5/27/2014 06:33:00 AM

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းတွင်ပြုလုပ်သော အခြေခံဥပဒေပြင်ဆင်ရေးလူထုဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))




အခြေခံဥပဒေပြင်ဆင် ရေးအတွက် လူထုဟောပြောပွဲ များ ပြုလုပ်ရာတွင် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် တပ်မ တော်ကို စိန်ခေါ်ပြောဆိုမှုများ သည် အခြေခံဥပဒေက ခွင့်ပြု ထားသည့် အတိုင်းအတာကို ကျော်လွန်နေသည့်အတွက် သတိ ပြုဆောင်ရွက်ရန် လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်းစု ကြည်အား သတိပေးအကြောင်း ကြားစာပေးပို့လိုက်သည်။

လွှတ်တော်အတွင်း တပ်မ တော်သားကိုယ်စားလှယ်များပါ ၀င်နေခြင်းသည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပါဝင်နေရ ခြင်းဖြစ်ပြီး မေလ ၁၈ရက်က မန္တ လေးမြို့တွင် ပြုလုပ်ခဲ့သည့်လူထု ဟောပြောပွဲတွင်ဒေါ်အောင်ဆန်း  စုကြည်က တပ်မတော်ကို စိန်ခေါ် သည့် အသုံးအနှုန်းများ သုံးနှုန်း ပြောဆိုခြင်းသည်အခြေခံဥပဒေမှ ခွင့်ပြုထားသည့်ဘောင်ကိုကျော် လွန်ရာရောက်ကြောင်း မေလ ၂၂ ရက် ရက်စွဲဖြင့် ပေးပို့သည့်သတိ ပေးအကြောင်းကြားစာတွင်ဖော် ပြထားသည်။

‘‘ရွေးကောက်ပွဲကော်မရှင် က ဒီလိုအကြောင်းကြားစာတွေပို့ တာ သူ့အလုပ်သူမလုပ်ဘူးလို့ မြင်တယ်။ ကော်မရှင်ဆိုတာ ရွေး ကောက်ပွဲတွေကို တရားမျှတ အောင် လုပ်ပေးဖို့တာဝန်ပဲရှိပါ တယ်။ ဒီလိုကိစ္စတွေကို လိုက်ပါ နေရင် ပါတီတိုင်းမှာ ဒီလိုကိစ္စ တွေရှိနေနိုင်တာပဲ။ အခုက အာ ဏာပိုင်အဖွဲ့အစည်းလိုကျင့်သုံး တာမျိုးဖြစ်နေတယ်’’ဟု လူထုဆန္ဒခံယူပွဲများကို အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ဟောပြော လက်မှတ်ရေးထိုးပွဲ များပြုလုပ်နေသည့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တစ်ဦး ဖြစ်သူဦးမြအေးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံ တော်၏ ဥပဒေများကိုလိုက်နာပါ မည်ဟု လွှတ်တော်အတွင်းကတိသစ္စာပြုထားသူလည်းဖြစ်ကြောင်း အကြောင်းကြားစာတွင် ပါရှိ သည်။

ဥပဒေ၏ မူသဘောအရ ဥပ ဒေတစ်ရပ်သည် ပြင်ဆင်၊ဖြည့် စွက်၊ ပယ်ဖျက်၊ ရုပ်သိမ်းခြင်းမ ပြုသေးမီ ဥပဒေအရအတည်ဖြစ် နေသေးသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ အားလုံး အာဏာတည်နေသေးသဖြင့် လေးစားလိုက်နာရန်လိုကြောင်း အကြောင်းကြားစာတွင် ဖော်ပြ သည်။

တည်ဆဲဥပဒေများနှင့်အညီ ဆွေးနွေးဟောပြောမှုများဖြစ်စေ ရန်တို့ကို သတိပြုဆောင်ရွက်ရန် လိုကြောင်းလည်း ဖော်ပြရေးသားထားသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ဟောပြောတဲ့ နေရာနှစ်ခုလုံးကျွန် တော်လည်းပါတယ်။ သူပြောတာ ကိုလည်း ကျွန်တော် တလေးတ စားနားထောင်တယ်။ အဲဒီမှာ ပြောတာတွေက အခြေခံဥပဒေကို ချိုးဖောက်တာ တစ်ခုမှမပါဘူး။ အခြေခံဥပဒေကိုပြင်ဖို့ပဲ ပြော တာ။ ကျွန်တော်လည်း ဥပဒေသ မားပါပဲ’’ ဟု ဟောပြောပွဲများတွင် ပါဝင်ဟောပြောခဲ့သူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

ကော်မရှင်၏ ထုတ်ပြန်ချက် များကို မိမိအနေဖြင့် ဖတ်ရှုခြင်း မပြုရသေးကြောင်း၊ မှတ်ချက်ပေးလိုခြင်းမရှိသော်လည်း ဒေါ် အောင်ဆန်းစုကြည်မှာ အခြေခံဥ ပဒေကိုချိုးဖောက်ပြောဆိုခြင်းမရှိ ဟု မိမိအနေဖြင့် ပြောနိုင်ကြောင်း  ဦးဝင်းမြင့်ကဆိုသည်။

ရွေးကောက်ပွဲကော်မရှင် သည် ကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဌ)အရ နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေနှင့်အညီနိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ကြီး ကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်းတို့ ပြုရန်တာဝန်ရှိကြောင်း၊ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေရှင်းလင်း ဆွေးနွေးပွဲများ ပြုလုပ်ရာတွင်ပါ တီအနေဖြင့်ဖြစ်စေ၊ ပါတီဝင်တစ် ဦးချင်းအနေဖြင့်ဖြစ်စေ၊ မိမိတို့ ကတိသစ္စာပြုထားသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက် နာရန်နှင့် တည်ဆဲဥပဒေများနှင့် အညီ ဆွေးနွေးဟောပြောမှုများ ဖြစ်စေရန်တို့ကို သတိပြုဆောင် ရွက်ရန်လိုကြောင်း ဖော်ပြ ရေး သားထားသည်။


7day daily