အိပ်မက်ထဲက မဇ္ဈိမ နှင့် အိန္ဒီယဒိုင်ယာရီ အပိုင်း (၁)

ပို့စ်တင်ချိန် - 5/27/2014 08:28:00 PM


ဇော်ဝင်ခိုင်

အိပ်မက်မက်တဲ့ တိုင်းပြည်

ကျွန်တော်တို့တစ်တွေဟာ ကိုယ်သိပ်သွား ချင်တဲ့ရောက်ချင်ခဲ့တဲ့ နေရာဒေသတစ်ခုကို စိတ်ထဲမှာ အစွဲကြီးစွဲတဲ့အခါ အိပ်မက်ထဲအထိ အဲဒီဒေသအကြောင်း အရာတွေဟာရောက်ရောက်လာတတ်ကြပါတယ်။ ကျွန် တော်လည်း ဘဝမှာအရမ်းရောက်ခဲ့ချင်တဲ့နေရာတစ်ခု ကိုရောက်ခဲ့ရ တယ်လို့အိပ်မက်မက်ခဲ့ဖူးပါတယ်။ အဲဒီ နေရာဟာ အရမ်းကိုခေတ်မီတိုး တက်ထွန်း ကားနေတဲ့ နေရာတစ်ခုမဟုတ်ပါဘူး။ အဲဒီ နေရာဟာ Shopping ထွက်ဖို့ အကောင်း ဆုံးနေရာတစ်ခုလည်းမဟုတ်သလို မြင်တွေ့ သမျှ ဘဝင်ခိုက်စရာတွေနဲ့ ပြည့်နှက်နေတဲ့ အပန်းဖြေစရာ ဒေသတစ်ခု လည်းမဟုတ်ခဲ့ ပါဘူး။ ထေရဝါဒဗုဒ္ဓဘာသာကို နှစ်နှစ်ကာ ကာ ယုံကြည်ကိုးကွယ်သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက် မက်ခဲ့ဖူးတဲ့အိပ်မက် ကတော့ မြတ်ဗုဒ္ဓရဲ့မဟာအောင်မြေဖြစ်တော်မူတဲ့ မဟာ ဗောဓိစေတီ တော်ကြီးရှိရာ ရုပ်ပွားတော်မြတ်ကြီးနဲ့ ပရိ ဘောဂစေတီထိုက်တဲ့ မဟာဗောဓိပင်မြတ်ကြီးကို ကိုယ် တိုင်ကိုယ်ကျဖူးမြော်ရတယ်ဆိုတဲ့ အိပ်မက်ပါပဲ။

အဲဒီအိပ်မက်ကို အမှန်တကယ်ဖြစ်လာစေတဲ့ ခရီးစဉ်တစ်ခုကို အိန္ဒိယအစိုးရရဲ့ စီမံပေးမှုနဲ့ မြန်မာ၊ သတင်းစာ/ဂျာနယ်လစ်များရဲ့ ချစ်ကြည်ရေးခရီးစဉ်အ ဖြစ် ရှစ်ရက်ကြာသွားရမယ့်ခရီးစဉ်တစ်ခုမှာ ကျွန်တော် လိုက်ပါဝင်ခွင့်ရခဲ့ပါတယ်။ သင်္ကြန်မတိုင်ခင်ကတည်းကအလုပ်ကိစ္စနဲ့ပြည်ပခရီးတွေဆက်တိုက်ဆိုသလို သွား ဖြစ်နေလို့ ခရီးပန်းနေပေမယ့် ဗုဒ္ဓရဲ့မဟာမြေမြတ်ကို ကိုယ်တိုင် ရောက်ရှိဖူးတွေ့ခွင့်ရတော့မယ်ဆိုတဲ့လှုံ့ဆော် မှုကတော့ ဒီခရီးစဉ်ကို လိုက်ပါဖြစ်ဖို့ အဓိကအကြောင်း တရားတစ်ရပ်ပဲဖြစ်ပါတယ်။

ဒေဝါလီလေကြောင်းလိုင်းနဲ့လေးဆယ်ကျော်တို့ရဲ့ အပြုံးမဲ့ဝန်ဆောင်မှု

India Airway ရဲ့ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ အတင်းအဖျင်းသတင်းတွေကို မသွားခင်ကတည်းက ပလူပျံအောင် ကျွန်တော်ကြားခဲ့ရဖူးပါတယ်။ ကျွန်တော် တို့စထွက်ဖြစ်တဲ့နေ့မှာပဲ အမှန်တကယ်ထွက်ခွာရမယ့် မွန်းလွဲ ၂နာရီအစား ထွက်ခွာချိန်သုံးကြိမ်ပြောင်းပြီး နောက် ညနေ ၅နာရီခွဲကျမှ လေယာဉ်ဟာ အမှန်တကယ် ထွက်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ ဂယာ လေဆိပ်ကိုလည်း လေယာဉ်ကမဆင်းနိုင်တော့ဘဲ လမ်းကြောင်းပြောင်းကာ ကိုးလ်ကတ္တားမှာတစ်ညအိပ် ရပါမယ်ဆိုတဲ့သတင်းကို လေယာဉ်ပေါ်မှာ တင်ပဲသိ လိုက်ရပါတယ်။ မြန်မာနိုင်ငံ ကို ပုံမှန်ပြေးဆွဲပေး နေတဲ့ လေယာဉ်တွေ ဟာ India Airline လေယာဉ်တွေထဲမှာ အနုံချာဆုံးဆိုတာကို ခရီးစဉ်နောက်ပိုင်းမှပဲ သိခဲ့ရပါတယ်။ အသက် ၄ဝကျော် လေယာဉ်မယ် ကြီးတွေရဲ့ အပြုံးအရယ် မဲ့တဲ့မျက်နှာတွေနဲ့ ဆောင့် ဆောင့်အောင့် အောင့် ဝန်ဆောင်မှုကို နဖူးတွေ့ဒူးတွေ့ကြုံရတော့မှပဲ India Airline ဟာ မကြာခင်ဒေဝါလီခံရတော့မယ်ဆိုတဲ့ ကောလာဟလသတင်းစကား ဟာဟုတ်မှာပဲလို့ မှတ်ချက်ပြုမိ ပါတော့တယ်။ ဗက်နဲ့နန်းဗက်ကိုနားမလည်လို့ ထမင်း ငတ်ရမလိုဖြစ်ခဲ့ရတဲ့အဖြစ်ကလည်း အမှတ်တရပါပဲ။ ဗက်ဆိုတာ Vegetarion ၊ နန်းဗက်ဆိုတာ အသားစား တာလို့ စိတ်မရှည်စွာရှင်းပြရင်း နန်းဗက်စားစရာကို လက်ထဲထိုးပေးသွားတဲ့ လေယာဉ်မယ်ဘွားဘွားရဲ့ Service ကတော့ တကယ်ကိုအမှတ်တရဖြစ်စေခဲ့ပါတယ်။ ရန်ကုန်နဲ့ ကိုးလ်ကတ္တားဟာ အချိန်နှစ်နာရီလောက်ပျံ သန်းရပြီး ဒေသစံတော်ချိန် ၆နာရီလောက်မှာ ကိုးလ် ကတ္တားလေဆိပ်ကိုရောက်ပါတယ်။ ပါလာတဲ့လက်မှတ် ထဲမှာ ဆင်းရမယ့် လေဆိပ်က ဂယာ၊ အခုရောက်နေတဲ့ လေဆိပ်က ကိုးလ်ကတ္တားဆိုတော့ လေဆိပ်အထွက်မှာပဲ လူဝင်မှုကြီးကြပ်ရေးက ရစ်တာခံရတော့တာပါပဲ။ ဒီလို နဲ့လေဆိပ်မှာ တစ်နာရီလောက်ထပ်ကြာပြီးတဲ့အချိန်မှာ တော့ လေကြောင်းလိုင်း ကစီစဉ်ပေးတဲ့ ကိုးလ်ကတ္တား မြို့ထဲက Hotel တစ်ခုကို ကျွန်တော်တို့အဖွဲ့ချီတက် ကြပါတော့တယ်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးရဲ့ အကြာဆုံးရွေး ကောက်ပွဲကာလနဲ့ တိုက်ဆိုင်နေတဲ့အ တွက် လမ်းဘေးဝဲယာတွေမှာ မဲဆွယ်နေကြတဲ့ပွဲတွေ ကိုလည်း ဗဟုသုတဖြစ်ဖွယ်မြင်ခဲ့ရပါတယ်

အကောင်းဆုံးဝန်ဆောင်မှုဆိုတာ

ဆောက်လက်စတံတားတွေ၊ အဆောက်အ အုံတွေကိုဖြတ်ကျော်ပြီး လေဆိပ်က ၁ဝ မိနစ် လောက်မောင်းပြီးတဲ့အခါမှာတော့ ကျွန်တော် တို့ တစ်ညတာတည်းခိုကြရမယ့် monotel luxury business hotel ကိုရောက် ပါပြီ။ ကားပေါ်ကဆင်းတယ်ဆိုရင်ပဲ ပြုံးရွှင်တဲ့ မျက်နှာတွေနဲ့ လိုအပ်ချက်မရှိအောင် ကူညီဆောင် ရွက်ပေးနေကြတဲ့ ဟိုတယ်ဝန်ထမ်းတွေကြောင့် ဟိုတယ်ရဲ့ဝန်ဆောင်မှု အဆင့်ကိုမကြာခင်ပဲ သတိပြုမိခဲ့ပါတယ်။ှနမလငခန နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့ ကျွန်တော့်အတွက် လေ့လာစရာ တွေအများကြီးရမယ်လို့ မျှော်လင့်ခဲ့တဲ့အတိုင်း လေ့လာသင်ယူစရာတွေအများကြီးတွေ့ခဲ့ရပါတယ်။ (Four Star) ကြယ် လေးပွင့်အဆင့်ရှိ ဟိုတယ်အလတ်စား ဖြစ်ပေမယ့် တည်ဆောက်ထား
တဲ့အခန်း Design တွေက တော် တော်လေးကောင်းမွန်ပါတယ်။ အခန်းတိုင်း ရေပူ၊ ရေအေးနဲ့ TV Mini Bar စသည်ဖြင့် ပြည့်စုံစွာ ထားပေးထားပြီး ဟိုတယ်ရဲ့အထူး ခြားဆုံးဝန်ဆောင်မှုကတော့ ဝန် ထမ်းတိုင်းရဲ့ ပြုံးရွှင်ဖော်ရွေတဲ့ဟန် ပန်နဲ့ ဧည့်သည်ကို ဂရုစိုက်မှုပါပဲ။ အဲဒီနေ့ကညစာကို (မြန်မာစံတော် ချိန်) ၁၁ နာရီခွဲလောက်မှစားခဲ့ရ ပြီး မှတ်သားခဲ့မိတာက အိန္ဒိယရဲ့ ထုံးစံက ညစာကို ည ၉နာရီနောက် ပိုင်းမှစားကြတာများပါသတဲ့။ ဘူ ဖေးစနစ်နဲ့ပြင်ဆင်ထားတဲ့ အိန္ဒိယ စတိုင် ညစာကခံတွင်းတွေ့ပြီး တော် တော်လေးအဆင်ပြေပါတယ်။ ကောင်းနိုးရာရာဟင်းကအစရွေး ပေးပြီး မညည်းမညူဝန်ဆောင်မှု ပေးခဲ့တဲ့ ဟိုတယ်ဝန်ထမ်းတွေက တော့ တကယ့်အသိအမှတ်ပြုစရာ ပါပဲ။

နောက်နေ့မနက်စော စောမှာတော့ ဂယာကိုချီတက်နိုင်ဖို့ ကျွန်တော်တို့ အဖွဲ့တွေ ဟိုတယ်က စောစီးစွာချီတက်ကြရပါတယ်။ နံနက်စာ Breakfast ကအစပြင်ဆင်ပေးပြီး လေဆိပ်အထိလိုက်ပို့ပေးတဲ့ ဟိုတယ်မန်နေဂျာကို အထူးပဲကျေးဇူးတင်မိပါတယ်။ အသက် ၃ဝကျော်အရွယ် ရည်မွန်ဖော်ရွေတဲ့ ဟိုတယ် မန်နေဂျာနဲ့ စကားပြောဖြစ်တဲ့အခါ သူ့ရဲ့အတွေ့အကြုံ တွေ ဝန်ထမ်းတွေကိုလေ့ကျင့်ပေးပုံတွေကို ဗဟုသုတ ဖြစ်ဖွယ်လေ့လာ ခွင့်ရခဲ့ပါတယ်။

တကယ်တော့ ကိုးလ်ကတ္တားနဲ့ ဂယာဟာ လေယာဉ်နဲ့ နာရီဝက် လောက်ပျံသန်းရတဲ့နေရာဖြစ်ပြီး ကိုးလ်ကတ္တားနဲ့ ဒေလီအကြားမှာရှိတာပါ။ ဒါပေမဲ့ လေ ကြောင်းလိုင်းက ဂယာမှာမဆင်းလို့ ကျွန်တော်တို့အဖွဲ့က ဒေလီအထိလေယာဉ်စီး၊ အဲဒီကတစ်ဆင့် ဂယာကိုပြန် လာရမှာဖြစ်လို့ တန်ဖိုးရှိတဲ့အချိန်တွေ အလဟဿဖြစ် ခဲ့ရတဲ့အမှတ်တရခရီးစဉ်ပါပဲ။
ကြီးမားလွန်းတဲ့ ဒေလီလေဆိပ်ကြီးထဲမှာ ကျွန်တော်တို့အဖွဲ့ နှစ်နာရီလောက်ကြာအောင် ဂယာ ကို ပြန်သွားရမယ့်လေယာဉ်ကို စောင့်ကြရပါတယ်။ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ စည်ကားလှတဲ့ နိုင်ငံတကာလေဆိပ်ကြီးထဲမှာ စိတ်ပျက်စရာကတော့ Internet WiFi သုံးမရတာပါပဲ....

ဈေးဝယ်တာဝါသနာပါတဲ့ ညီငယ်ညီမငယ် တွေပါလာတဲ့ ဒေါ်လာငွေလေးတွေအပြိုင်လဲပြီးရတဲ့ အချိန်မှာ Duty Free Shopping လုပ်ကြပါတယ်။ ကျန် တဲ့ ကျွန်တော်တို့အဖွဲ့ တွေကတော့ မြန်မာ့စာနယ်ဇင်း လောကရဲ့ ဗဟုသုတဖြစ်ဖွယ်တွေကို အမြင်ချင်းဖလှယ် ငြင်းခုံကြရင်းနဲ့ပဲ လေဆိပ်ထဲက နှစ်နာရီဟာ ဘယ်လို ကုန်သွားမှန်းမသိဘဲ ဂယာကို IA နဲ့ပဲ ဆက်လက်ချီ တက်ကြပါတယ်။

ပျံသန်းချိန် နှစ်နာရီနီးပါးကြာပြီးတဲ့နောက် မှာတော့ ဂယာမြို့လေဆိပ်ကို ကျွန်တော်တို့စီးလာတဲ့ လေယာဉ်ဆင်းသက်ပါပြီ။ လေယာဉ်မှာတော့ ဘုရား ဖူးလာတဲ့ ခရီးသည်တော်တော်များများကိုတွေ့ရပြီး အများစုကတော့ ရဟန်း တော်တွေနဲ့ မြန်မာလူမျိုးတွေ ပါပဲ။ လေယာဉ်ပြင် ပကိုရောက်ချိန်မှာ တော့ ညနေခင်းအ ပူဆုံးအချိန်ဖြစ်နေ ပါပြီ။ ၄၂ စင်တီဂ ရိတ်ရှိတဲ့ နေပူထဲ ကိုဖြတ်ပြီး အတန် ငယ်လှမ်းတဲ့ လေ ဆိပ်ထဲကို လမ်း လျှောက်ဝင်ရချိန် မှာတော့ ဂယာလေ ဆိပ်ဟာ ISO Cer- tificate 9001/ 2000 ရလေဆိပ် ဖြစ်ကြောင်း အ မှတ်အသားနဖူး စည်းစာတန်းကြီး နဲ့ နှစ်ထပ်အ ဆောက်အအုံကို မြင်တွေ့ရပါတယ်။ ဂယာလေဆိပ် ဟာ တရုတ်ဟန် နဲ့ အိန္ဒိယပုံစံ ပေါင်းစပ်ထား တယ်လို့မြင်ရပေမယ့် လေ ဆိပ်ရဲ့အလယ်မှာတော့ ရွှေရောင်တောက် နေတဲ့ ဗုဒ္ဓ ဆင်းတုတော်ကြီးတစ်ဆူကို ကြည်ညိုဖွယ်ရာဖူးတွေ့ ရပါတယ်။ ဗုဒ္ဓဘာသာဝင်ဘုရားဖူးတွေသာ အများဆုံး လာရောက်တတ်တဲ့ ဒီလိုနေရာမျိုးမှာ လေဆိပ်ကိုရောက် ရောက်ချင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ရအောင် စီစဉ်ထားပေးတဲ့အတွက်များစွာကြည်နူးပီတိဖြစ်မိပါ တယ်။ ဗုဒ္ဓရဲ့အောင်မြေကို ခြေချမိပြီဆိုတဲ့အသိက ကျွန် တော်တို့ အားလုံးအတွက် အားသစ်တွေလောင်းပေး လိုက်သလိုပါပဲ။

ဆက်လက်ဖော်ပြပါမည်။
--------------------------------------------------------------------------------------

Flower News Journal | အတွဲ(၁၀) အမှတ် (၂၀)