Hair Loss ဆံပင် ကျွတ်ရင်

ပို့စ်တင်ချိန် - 5/27/2014 08:33:00 PM


ဆရာ ကျနော့်အသက် ၄၂ နှစ်ပါ။ သဘာဝအသက်အရွယ်အရ ဆံပင်ကျွတ်တာကို လက်ခံနိုင်ပေမယ့် ထိပ်မပြောင်ချင်ဘူးဆရာ။ တော်တော်ကျွတ်နေလို့ပါ။ စာများမှာစိုးလို့ တိုတိုပြောတာ။

ဆံပင်ကျန်းမာရေးဟာ ကမ္ဘာမှာ ဒေါ်လာထောင်ပေါင်းများစွာတန်တဲ့ စီးပွါးရေးဖြစ်တယ်။ ယောက်ျား-မိန်မ၊ လူကြီး-လူငယ်၊ အရွယ်မရွေး၊ လူမျိုးမရွေး ဖြစ်တယ်။ ဆံပင်ပြောင်နေတာဟာ Social stigma လူမှုရေးရာ နှိမ်စရာလို ဖြစ်သေးတယ်။ လူတယောက်မှာ ပျမ်းမျှ ဆံပင် တသိန်းရှိတယ်။ တလမှာ ၁ စင်တီမီတာ ရှည်တယ်။ ၂-၃ နှစ်တခါ အသစ် ပေါက်တယ်။ ၉ဝ% က တပြိုင်ထဲ ပေါက်လာတာ။ ဆံပင်အဟောင်းတွေအစား အသစ်တွေ ထပ်ထပ် ပေါက်နေတယ်။ ထပ်မပေါက်ရင် ထိပ်ပြောင်၊ ထိပ်ကွက်၊ ကတုံးဖြစ်လာမယ်။

ဆံပင်ကျွတ်တာကို ဆေးစာနဲ့ Alopecia လို့ခေါ်တယ်။ ဆံပင်ကျွတ်တာလဲ ယောက်ျားပုံစံ ကွက်ဖြစ်တာ နဲ့ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်တဲ့ မိန်းမပုံစံ ရှိတယ်။ အချိန်တွေ အကြာကြီး ဆံပင်ကျွတ်နေတာမျိုးက မျိုးဗီဇကြောင့်ဖြစ်နိုင်တယ်။ ရက်တိုတိုနဲ့ ဖြစ်တာဟာ ကျန်းမာရေးပြဿနာ ရှိနေတာဖြစ်နိုင်တယ်။ သွေးအားနည်းတာ၊ လည်ပင်းကြီးဟော်မုန်း နည်းတာ-များတာ၊ ဆေးတချို့သောက်တာ၊ Eczema, Seborrhea and Psoriasis နှင်းကုလိုဦးရေခွံရောဂါတွေ၊ မှို-ဗက်တီးရီးယားရောဂါ၊ ဆံပင်သုံးပစ္စည်းတွေကနေထိခိုက်မိတာ၊ စိတ်ဖိစီးမှုများတာ၊ ဆေးလိပ်သောက်တာ၊ မကျန်းမမာဖြစ်တာ၊ ကလေးမွေးပြီးနောက် ၃ လမှာ ဆံပင်ကျွတ်တတ်တယ်။ အာဟာရ မမျှတတာတွေကနေ ဖြစ်စေနိုင်တယ်။

Traction alopecia ဆိုတာ ဆံပင်စတိုင်တချို့ကြောင့်ဖြစ်တာကိုခေါ်တယ်။ ဆံပင်ကို တင်းနေအောင်လုပ်လို့ ဆံပင်ကျွတ်ရတယ်။ လူအမဲတွေ အများဆုံးလုပ်ကြတဲ့ပုံစံတွေပြောတာပါ။ ပြောင်းခင်းမြေကွက်တွေလို လုပ်တာမျိုး။ Ponytail, Pigtails ကလဲ တင်းနေရင်ဖြစ်မယ်။ American Hair Loss Council ကပြောတာက ပြန်ပြင်ရင် ပြန်ကောင်းမယ်။ ၆ လ အထိ စောင့်ရတတ်တယ်။ ဒါပေမဲ့ ဆံပင် ဖေါ်လီကယ်တွေကို ဒဏ်ရာလိုရရင် ခက်တယ်။

သွေးကျဲဆေး၊ ဂေါက်ရောဂါဆေး၊ သွေးတိုးကျဆေး၊ နှလုံးရောဂါဆေး၊ ဗီတာမင် အေ များတာ၊ ကိုယ်ဝန်တားတေးတွေနဲ့ စိတ်မကျဆေးတွေကြောင့်လဲ ဆံပင်၈ျွတ်တတ်တယ်။ scalp ဦးရေခွံကို မှိုပိုးကူးရင်လဲ ဖြစ်တယ်။ (လူးပတ်စ်) ရောဂါ နဲ့ ဆီးချိုရှိနေသူတွေမှာလဲ ဆံပင်ကျွတ်တတ်တယ်။

အာဟာရ မျှတအောင်စားရတယ်ဆိုတာ
• (ဗီတာမင်) တွေအတွက် အသီး၊ အသီးအနှံ များများ၊
• (ပရိုတင်း) အတွက် အဆီလွတ်အသား၊ ဥ၊ တိုဖူး၊
• သိပ်ပြောင်နေအောင် ချွတ်မထားတဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပြောင်ဖူး၊
• ပြုပြင်စီမံထားတဲ့ အစားတွေဗရှာင်ပါ။
• ဗီတာမင် ဘီ၊ စီ၊ ဖေါလစ်အက်စ်၊ သွပ်ဓါတ် နဲ့ ဘိုင်အိုတင် သောက်ပါ။
• L-cysteine and L-methionine (အမိုင်နိုအက်စစ်) သောက်ပါ။
• ဗီတာမင် အေ တနေ့မှာ 100,000 IU ထက်များတာ မကောင်းပါ။

အကြံပြုချက်များ
• ခေါင်းလျှော်ရည် ပြင်းတာ မသုံးပါနဲ့၊ Baby shampoo သုံးနိုင်တယ်။ တနေ့တခါထက် မပိုစေနဲ့။ Moisturizing conditioner သုံးနိုင်တယ်။ ပြီးရင် ခြည်ထည် ပုဝါနဲ့ ပတ်ထားပါ။ ဆံပင်ခြောက်အောက် ပွတ်ချေတာ မလုပ်ပါနဲ့။
• Blow-dryer, Flatiron and Hairstyling tools တွေကို ဖြစ်နိုင်သလောက် မသုံးပါနဲ့။ အပူနည်းနည်း၊ အချိန်နည်းနည်းသာ သုံးပါ။ စိုနေတဲ့ဆံပင်ကို လိမ်မထားပါနဲ့။ တင်းနေအောင် စီးနှောင်မထားပါနဲ့။ ဆံပင်ပြင်ဘို့ ဓါတုဆေးပါတာတွေ အတတ်နိုင်ဆုံး ရှောင်ပါ။ သဘာဝ အလှအပသုံးတွေသာသုံးပါ။
• စိတ်ဖိအားလျှော့ချနည်းကိုလဲ တချို့လူတွေအတွက်သုံးရတယ်။ ကြွက်တွေကို စမ်းသပ်တော့ Astressin-B, a CRF (corticotrophin-releasing factor) blocker ဆေးပေးတော့ ၄ လ အကြာမှာ ကျွတ်နေတဲ့ ကျောမွှေးတွေ ပြန်ပေါက်လာတယ်။
• ခွဲစိတ်ကုသနည်း၊ ၁၉၃၉ ကတည်းကတွေ့ခဲတဲ့ hair transplantation ကိုသုံးနိုင်တယ်။
• Immunosuppressants ရောဂါပြီးစနစ်နှိမ်ဆေး၊ ယာယီပြန်ကောင်းတာ တွေ့ရတယ်။ ဘေးထွက်-ဆိုးကျိုးတွေ သတိထားရမယ်။
• ဆံပင်ကျွတ်နေတာကို လူမမြင်အောင် ဖုံးကွယ်နည်းတွေလဲ သုံချင်ရင် သုံးနိုင်တယ်။
• Essential oil massage အဆီနဲ့နှိပ်နယ်ခြင်း၊ ဆံပင်အခြေနေရာတွေကို ဆီလိမ်းပြီး ပလပ်စတစ်နဲ့ ဖုံးအုပ်ပါ။ အပေါ်က ရေနွေးတဘက်နဲ့ ပတ်ထားပါ။ တညအိပ်ပြီး နောက်မနက်မှာ ပြောင်စင်အောင် ခေါင်းလျှော်ပါ။ တပါတ်တခါ အဲလိုလုပ်ပါ။
• ကြက်ဥ နဲ့ ပျားရည်နည်း၊ ကြက်ဥ ၂ လုံးက အဝါနှစ်နဲ့ ပျားရည် ဇွန်းသေး ၃ ဇွန်း ရောမွှေပါ။ ဆံပင်ကို သုတ်လိမ်းပါ။ မိနစ် ၃ဝ ထားပါ။ ပြောင်စင်အောင် ခေါင်းလျှော်ပါ။
• ရှားစောင်းလက်ပတ် နည်း၊ အပူလောင်နာတွေလဲ သုံးကြတဲ့ ရှားစောင်းလက်ပတ်ကို (ကွန်ဒီရှင်နာ) အစားသုံးပါ။ ၁၅ မိနစ် နေရင် ဆေးကြောပါ။ ရေခပ်နွေးနွေးက ပိုကောင်းမယ်။

ဆံပင်ထပ်မကျွတ်အောင်နဲ့ ပြန်ပေါက်အောင်အတွက် ဆေးတွေကတော့
• Finasteride, Dutasteride and Minoxidil solution ဆေးတွေကို သုံးနိုင်တယ်။ Androgenetic alopecia အတွက် ကောင်းတယ်။ FDA ကနေ အသိအမှတ်ပြုထားတာတွေက Finasteride (Propecia) နဲ့ Minoxidil ဆေးတွေဖြစ်တယ်။
• Minoxidil (Rogaine, Regaine, Vanarex) ဆေးကို ကျားရော မပါ သုံးနိုင်တယ်။ သွေးတိုးအတွက်ဆေး ဖြစ်တယ်။
• Dutasteride (Avodart) ဆေးက Testosterone ကျား-ဟော်မုန်းကို တားပေးတဲ့ဆေးဖြစ်တယ်။ (BPH) ယောက်ျား ဆီးကျိတ်ကြီး ရောဂါအတွက် သုံးတဲ့ဆေး ဖြစ်တယ်။
• Finasteride (Proscar and Propecia) ဆေးကလဲ အတူတူဘဲ။ ယောက်ျားအတွက်သာဖြစ်တယ်။ ဆေးတွေကို ၆ လ သုံးကြည့်ရတယ်။

Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ http://dts-medicaleducation.blogspot.in/2012/03/hair-loss-in-women-treatments.html

Dr. တင့်ဆွေ