ထောင်ကျနေသော ဗင်နီဇွဲလားအတိုက်အခံ မြို့တော်ဝန်နှစ်ဦး၏ဇနီးများ ရွေးကောက်ပွဲတွင်အနိုင်ရ

ပို့စ်တင်ချိန် - 5/27/2014 12:47:00 PM




ဒယ်နီယယ်ကာဘယ်လော့စ်၏ ဇနီး ပက်ထရီစီယာ မဲထည့်နေစဉ် (Carlos Eduardo Ramirez/REUTERS)
ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ်မာဒူရိုအား ဆန့်ကျင်ကန့်ကွက်မှုများကြောင့် အကျဉ်းချခံခဲ့ရသော အတိုက်အခံမြို့တော်ဝန်နှစ်ဦး၏ ဇနီးနှစ်ဦး သည် လစ်လပ်နေသော ၎င်းတို့ ၏ ခင်ပွန်းများနေရာတွင် ဝင်ပြိုင် ရာ၌ အပြတ်အသတ် အောင်ပွဲများရရှိခဲ့သည်။

မာဒူရိုအား အဓိကအတိုက် အခံပြုနေသော မြို့ကြီးနှစ်မြို့တွင် အမျိုးသမီးများ အနိုင်ရရှိမည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားပြီး ဖြစ်သော်လည်း ရွေးကောက်ပွဲများတွင် အကြိမ်ကြိမ်အထိနာခဲ့ပြီး ကန့်ကွက်ဆန္ဒပြမှု မဟာဗျူဟာအပေါ် စိတ်ဝမ်းကွဲနေသော အတိုက်အခံတို့အတွက် ၎င်းတို့၏အောင်ပွဲက ဝမ်းမြောက်စရာ ဖြစ်ခဲ့သည်။

ဆန်ခရစ်တိုဘယ်မြို့ လမ်းမများပေါ်တွင် ဆန္ဒပြသူများ ပိတ်ဆို့ထားသော အတားအဆီးများကို ဖယ်ရှားရန် ငြင်းဆန်၍ အကျဉ်းကျခံခဲ့ရသည့် ခင်ပွန်းဖြစ်သူ ဒယ်နီယယ်ကာဘယ်လော့စ်မှာ မတ်လအတွင်း အလုပ်မှထုတ်ပယ်ခံခဲ့ရကာ ထောင်တစ်နှစ်ကျခဲ့သည်။ ယခု ဇနီးသည် ပက်ထရီစီယာက ရွေးကောက်ပွဲအနိုင်ရရှိခဲ့ သည်။

နိုင်ငံအလယ်ပိုင်းရှိ ဆန်ဒီ ယေဂိုမြို့တွင်လည်း မြို့တော်ဝန် ဗင်းဆင့်စီယိုမှာ အလားတူပြစ်မှု ဖြင့် ထောင် ၁၀ လ ကျခံခဲ့ရသည်။

သို့သော် ယခုရွေးကောက်ပွဲ တွင် ၎င်း၏ဇနီးသည် ရိုဆာက ထောက်ခံမဲ ၈၈ ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည်။

—Ref: Reuters

7day daily