ဘုရင့်ထောက်ခံချက်ရယူပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပွားလာပါက အင်အားသုံးနှိမ်နင်းမည်ဟု ထိုင်းစစ်တပ်အကြီးအကဲပြော

ပို့စ်တင်ချိန် - 5/27/2014 12:43:00 PM


(Athit Perawongmetha/REUTERS)
ထိုင်းစစ်တပ်အကြီး အကဲ ဗိုလ်ချုပ်ကြီးပရာယွတ်ချန် အိုချာသည် တနင်္လာနေ့တွင် မြို့ တော်ဘန်ကောက်၌ ထိုင်းဘုရင့် နန်းတော်က ချီးမြှင့်သော တော်ဝင် ထောက်ခံချက်ကို အခမ်းအနား ဖြင့် လက်ခံရယူခဲ့ပြီးနောက် နိုင်ငံ တစ်ဝန်းသို့ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံရေးဆန္ဒပြတောင်းဆိုမှုများ ဖြစ်လာပါက အင်အားသုံးနှိမ်နင်းသွားမည်ဖြစ်ဟု သတိပေး ပြောကြားသွားသည်။

‘‘အရင်က အခြေအနေမျိုးကို ကျွန်တော်တို့ ပြန်သွားရမှာလား။ ခင်ဗျားတို့ လုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့က အင်အားသုံးပြီး ဥပဒေကို တင်းကျပ်စွာကိုင်တွယ်သွားရမှာပါ။ လိုအပ်လို့ပြဋ္ဌာန်းတဲ့ တင်းကျပ်တဲ့ဥပဒေတွေကို ခွင့်လွှတ်ပေးရပါမယ်’’ဟု စစ်တပ်အကြီးအကဲ ပရာယွတ်က ရုပ်သံတွင် ပြောကြားသည်။

သို့သော် စစ်တပ်အကြီးအ ကဲသည် နိုင်ငံကို စစ်အုပ်ချုပ်ရေး ဖြင့် အချိန်ကာလမည်မျှကြာကြာ အုပ်ချုပ်မည်ကိုမူ အတိအကျ ပြောကြားခဲ့ခြင်းမရှိပေ။

‘‘တိုင်းပြည်မှာ ဝန်ကြီးချုပ် တစ်ဦး လိုအပ်နေပါတယ်။ အ တိတ်တုန်းကတော့ အဲဒီလိုလုပ် လေ့ရှိခဲ့ပေမယ့် တရားဝင်မှုရှိဖို့ ဖြစ်စဉ်မှာ အပြောင်းအလဲအချို့ လုပ်ကောင်းလုပ်ရမှာပါ’’ဟု ပရာ ယွတ်က ဆိုသည်။

အစိုးရအကြီးအကဲအဖြစ် စစ်တပ်ခေါင်းဆောင်ကို နန်း တော်က အသိအမှတ်ပြုပေးသည့် ယင်းအခမ်းအနားသို့ ကျန်းမာရေး မကောင်းဟု သတင်းထွက်နေ သော ဘုရင်ဘူမိဘောမှာ တက် ရောက်ခြင်းမရှိပေ။

ထိုင်းစစ်တပ်သည် ပြီးခဲ့ သည့်အပတ်က စစ်အုပ်ချုပ်ရေး ကြေညာပြီး ရက်ပိုင်းအတွင်း အာ ဏာသိမ်းလိုက်ခြင်းဖြစ်သည်။

သို့သော် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရ သည့် အစိုးရတစ်ရပ်ကို ဖယ်ရှားခဲ့၍ နိုင်ငံတကာက ဝေဖန်ရှုတ်ချမှုများ ပေါ်ထွက်ခဲ့သည်။

ဘန်ကောက်တွင် လူငါးဦး ထက်ပို၍ စုဝေးခြင်းမပြုရန် တား မြစ်ထားသော်လည်း တနင်္ဂနွေ နေ့တွင် စစ်အာဏာသိမ်းမှုအ ပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ရှိခဲ့ သည်။

—Ref: Reuters
7day daily