လျှပ်စစ်ဓာတ်စီးမှုပြုပြင်ရာမှ ဓာတ်လိုက်၍ အုတ်တံတိုင်းပေါ် ပြုတ် ကျသေဆုံး မှုဖြစ်ပွား

ပို့စ်တင်ချိန် - 5/27/2014 09:41:00 PM


မေ ၂၇

မန္တလေး ချမ်းအေးသာစံ မြို့နယ်အတွင်း လျှပ်စစ်ဓာတ်စီးမှုကြောင့် အုတ်တံတိုင်းပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှ မေ ၂၅ ရက် ညနေ ၅ နာရီခွဲက မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင်ဓာတ်လိုက်သေဆုံးသူတစ်ဦး ရောက် ရှိနေကြောင်း သတင်းအရ အမှတ် (၃) နယ်မြေရဲစခန်းမှူး ရဲအုပ် ထိုက်လင်းစိုးနှင့် အဖွဲ့က သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ----- (၂၆) နှစ်၊ လျှပ်စစ်ပြုပြင်လုပ်သား၊ မောရဂီဝါရပ်ကွက်နေသူဖြစ်ပြီး ၎င်းသည် ၂၆ လမ်း၊ ၇၂-၇၃ လမ်းကြားရှိ Vidit ရေချိုးခန်းသုံး ပစ္စည်းဆိုင်ရှိ ဆိုင်းဘုတ်မှာ လျှပ်စစ်ဓာတ်စီးနေသဖြင့် ပြုပြင်ရန်အတွက် အမြင့် ခြောက်ပေခန့် အုတ်တံတိုင်းပေါ်သို့ တက်၍ပြုပြင်စဉ် ဓာတ်လိုက်ကာ ပလက်ဖောင်းပေါ်သို့ ပြုတ်ကျ သေဆုံးခြင်း ဖြစ်ကြောင်းသိရသဖြင့် အမှတ် (၃) နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၄ ဖြင့် အမှုဖွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar