ဗီဇာသက်တမ်း တိုးခွင့်မပြုသဖြင့် ဦးမိုးသီးဇွန် ထိုင်းတွင်ဗီဇာလျှောက်ကာ မြန်မာနိုင်ငံသို့ ပြန်ဝင်မည်

ပို့စ်တင်ချိန် - 5/27/2014 08:07:00 AM


ရန်ကုန်၊ မေ ၂၄- ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး တောင်ပိုင်း( ABSDF )ဥက္ကဋ္ဌဟောင်း ဦးမိုး သီးဇွန်အား လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန က မြန်မာနိုင်ငံတွင် ဗီဇာသက်တမ်းတိုးခွင့် မပေးသဖြင့် ထိုင်းနိုင်ငံတွင် ဗီဇာလျှောက် ကာ မြန်မာနိုင်ငံသို့ တစ်ဆင့်ပြန်ဝင်ရမည် ဖြစ်ကြောင်း ဦးမိုးသီးဇွန်က ပြောသည်။
''သက်ဆိုင်ရာလဝကကို သွားပါ တယ်။ အခုတစ်ခေါက်မှာ ဗီဇာထပ်ပြီးလုပ် မပေးနိုင်သေးဘူး။ ဗီဇာက ဘယ်မှာသွားလုပ် ရမလဲဆိုတော့ ထိုင်းမှာ သွားလုပ်ရမယ်လို့ ပြောတယ်။ ထိုင်းကနေဒီကို တစ်ခါပြန်ဝင် ရမယ်ပေါ့။ ဒါလဲ နည်းလမ်းတစ်ခုပါပဲ''ဟု ဦးမိုးသီးဇွန်က ပြောသည်။

ယင်းအနေဖြင့် မြန်မာနိုင်ငံသို့ ၂ဝ၁၃ သြဂုတ် ၄ ရက်တွင် နှစ်ကြိမ်မြောက် ပြန်လည်ရောက်ရှိလာခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဧပြီ ၁၃ ရက်တွင် ဗီဇာသက်တမ်း ကုန်ဆုံးခဲ့သည် ဟုဆိုသည်။ ထို့နောက် မြန်မာနိုင်ငံတွင်ဆက် လက်နေထိုင်ခွင့်နှင့်ပတ်သက်၍ သက်ဆိုင် ရာတာဝန်ရှိသူများက မြန်မာနိုင်ငံ၏ လက် ရှိနိုင်ငံရေးအခြေအနေကြောင့် ခေတ္တထွက် ခွာပေးရန် ပြောခဲ့သည်ဟု ယင်းကပြောသည်။

ဦးမိုးသီးဇွန်သည် လက်ရှိတွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားကြောင်း သိရသည်။ ယင်းအနေဖြင့် အမေရိကန်နိုင်ငံ သားအဖြစ်မှ စွန့်လွှတ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက် ထားကြောင်းသိရသည်။ ယင်းသည် ထိုင်း နိုင်ငံသို့ ဗီဇာလျှောက်ရန်အတွက် မေ ၂၅ ရက်နံနက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည် ဖြစ်ပြီး ထိုင်းနိုင်ငံတွင် နှစ်ပတ်ကြာနေထိုင် ကာ ဗီဇာရရှိပါက မြန်မာနိုင်ငံသို့ ပြန်လာ မည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group