ယင်လတ် ရှင်နာဝပ်ကို ပြန်လွှတ်လိုက်သော်လည်း ပိုမို ကြီးထွားလာမယ့် အရိပ်အယောင်တွေရှိနေ

ပို့စ်တင်ချိန် - 5/27/2014 07:08:00 PM



ထိုင်းစစ်တပ်က ခေါ်ယူထိမ်းသိမ်းထားတဲ့ ဝန်ကြီးချုပ်ဟောင်း
ယင်လတ်ရှင်နာဝပ်ကို မနေ့ညနေပိုင်းက ပြန်လွှတ်လိုက်ပြီဖြစ်ပါတယ်။
ထိုင်းစစ်တပ်အာဏာသိမ်းမှုဟာ အခြားသော စစ်အာဏာသိမ်းမှုများအတိုင်း
ဖြစ်လာနေပြီလို့ လေ့လာသူတွေက ပြောပါတယ်။
လေ့လာသူတွေခန့်မှန်းခဲ့ကြတဲ့အတိုင်း ညမထွက်ရအမိန့်၊ စစ်အုပ်ချုပ်ရေး
ကြေငြာချက်များ၊ ရုပ်သံမှ စစ်ချီတေးထုတ်လွှင့်မှုများနောက်ပိုင်း
မီဒီယာဆင်ဆာနဲ့ ဖမ်းဆီးထိမ်းသိမ်းမှုတွေ ပါဝင်လာပါတယ်။ အခုတကြိမ်
အာဏာသိမ်းမှုဟာ အရင်အကြိမ်များနဲ့မတူဘဲ ဒေါသတွေပါနေပြီး တင်းမာမှု
ပိုကြီးမားပါတယ်။ ဆန့်ကျင်ဆန္ဒပြမှုတွေက အခု အချိန်မှာ လူရာဂဏန်းမျှ
နည်းပါးသေးငယ်ပေမယ့်လည်း ပိုမို ကြီးထွားလာမယ့်
အရိပ်အယောင်တွေရှိနေတယ်လို့ ဘန်ကောက်မြို့အခြေစိုက် ဘီဘီစီသတင်းထောက်က
ပြောပါတယ်။
source;BBC

ဘာသာပြန်သူ David

The Myanma Age